www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 26, 2014

ကလေးမြို့လေယာဉ်ကွင်း တိုးချဲ့ဆောင်ရွက်မှုများ လာမည့် နွေရာသီတွင် အပြီးသတ်မည်



ကလေး ၊ ၂၆-၁၂-၂၀၁၄

စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့၏ လက်ရှိ လေယာဉ်ကွင်း တွင် ခရီးသည် ၁ဝဝ ကျော် တင်ဆောင် နိုင်သည့် လေယာဉ်ကြီးများ ဆင်းသက်နိုင်ရန် လေယာဉ် ပြေးလမ်း ကို လက်ရှိပေ ၅၅ဝဝ မှပေ ၃ဝဝဝ ထပ်မံတိုးချဲ့ ဆောင်ရွက်လျက် ရှိရာ လာမည့် နွေရာသီတွင် အပြီး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း လေယာဉ်ကွင်း ဆောက်လုပ်ရေး တာဝန်ခံ တစ်ဦးက ပြောပြသည်။

ယခု လေယာဉ် ပြေးလမ်းတိုးချဲ့ မှုတွင် ပြီးခဲ့သည့် ၂ဝ၁၃- ၂ဝ၁၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု ရန်ပုံငွေမှ ငွေကျပ်သန်း ၂၆ဝဝ အကုန်အကျခံ ပြုပြင်ခဲ့ပြီး ဖြစ်ရာ လာမည့် နှစ်များတွင် လေယာဉ်ကြီးများ ဆင်းသက်နိုင်ရန် ထပ်မံတိုးချဲ့ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။ ယခု ဆောင်ရွက် နေသည့် လေယာဉ်ပြေးလမ်း ပြီးစီးပါက လေယာဉ် ပြေးလမ်း အရှည်ပေ ၇ဝဝဝ ၊ ပြေးလမ်း အကျယ်ပေ ၁ဝဝ ရှိမည် ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့ လေကြောင်း ခရီးစဉ်တွေ အနေနဲ့ အခုဆိုရင် မြန်မာ့ လေကြောင်းက လေယာဉ် စင်းလုံးငှား ခရီးစဉ် တွေကိုလဲ လက်ခံ ပြေးဆွဲနေပြီ ဖြစ်တဲ့အပြင် ကလေးမြို့ လေယာဉ်ကွင်းမှာ ကမ္ဘောဇ လေကြောင်းလိုင်း၊ အဲပုဂံ စတဲ့ လေကြောင်းလိုင်း တွေပါ နေ့စဉ် ပြေးဆွဲမှု ရှိနေတဲ့ အတွက် လေယာဉ်ကွင်း ချဲ့ထွင် အဆင့်မြှင့်တင် မှုဟာ အထူး လိုအပ်လျက် ရှိပါတယ် ... ''ဟု မြန်မာ့လေကြောင်း ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

ကလေး လေယာဉ်ကွင်းကို ၁၉၄၅ ခုနှစ်တွင် တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က လေယာဉ် ပြေးလမ်း အရှည်ပေ ၂၄၈ဝ၊ အကျယ် ပေ ၁ဝဝ မြေသား လေယာဉ် ပြေးလမ်း ဖြစ်ကြောင်း သိရသည်။ ထိုစဉ်က ဒါကိုတာ လေယာဉ် များသာ ဆင်းသက်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် လေယာဉ် ပြေးလမ်းကို အရှည်ပေ ၅၅ဝဝ အထိ တိုးချဲ့ခဲ့ပြီး ဖော်ကာ လေယာဉ်များ စတင် ဆင်းသက်ခဲ့သည်။ ယခုအခါ လေယာဉ် ပြေးလမ်း အရှည်ပေ ၇ဝဝဝ အထိ တိုးချဲ့လျက် ရှိပြီး ခရီးသည် ရာချီ တင်ဆောင် နိုင်သော လေယာဉ်ကြီး များပါ ဆင်းသက်နိုင်ရန် ရည်ရွယ် ကြောင်း သိရသည်။

မောင်ဖလမ်း

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger