www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 3, 2014

ရေပေးဝေမှုစနစ် အဆင့်မြှင့်တင်ရန် ရန်ကုန်စည်ပင် နှင့် ဖိလစ်ပိုင်ကုမ္ပဏီတို့ ပူးပေါင်း ဆောင်ရွက်မည်



ရန်ကုန် ၊ ၂-၁၁-၂၀၁၄

ရန်ကုန်မြို့နေ ပြည်သူများ အားလုံး ရာသီမရွေး သောက်သုံးရေ လုံလောက်စွာ ရရှိနိုင်စေရန် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ ကြိုးပမ်း ဆောင်ရွက်လျက် ရှိရာ ယခုအခါ စည်ပင်သာယာ နယ်နိမိတ် အတွင်း ရှိ မြို့နယ် လေးခုတွင် ရေပေးဝေမှု စနစ် အဆင့် မြင့်တင်ခြင်း လုပ်ငန်းများ ကို ဖိလစ်ပိုင်နိုင်ငံမှ Minila Water ကုမ္ပဏီ နှင့် ပူးပေါင်းကာ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

ရှေးဦးစွာ ရန်ကုန်မြို့ရှိ လူဦးရေ ထူထပ် များပြားသော မြို့နယ်များ ဖြစ်သည့် တောင်ဥက္ကလာပ၊ အင်းစိန်၊ မရမ်းကုန်း၊ ကမာရွတ် မြို့နယ် လေးခုတွင် ရေပေးဝေသည့် ပိုက်လိုင်းများ အသစ်လဲလှယ် တပ်ဆင်ခြင်း၊ ပင်မ ရေပိုက်ကြီး များကို ပြုပြင် ထိန်းသိမ်းခြင်း အစရှိသော ရေပေးဝေမှု စနစ် အဆင့် မြှင့်တင်ခြင်း လုပ်ငန်းများကို မြို့တော် စည်ပင်နှင့် Minila Water ကုမ္ပဏီတို့ ပူးပေါင်း၍ မကြာမီ စတင် အကောင် အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ (ရေနှင့် သန့်ရှင်းမှုဌာန) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

''အရင်ဆုံး တောင်ဥက္ကလာပ၊ အင်းစိန်၊ မရမ်းကုန်း၊ ကမာရွတ် အဲဒီမြို့နယ် လေးမြို့နယ်မှာ စပြီး အကောင်အထည် ဖော်ဆောင် ရွက်မယ်။ ပေါက်နေတဲ့ ပိုက်တွေ၊ ယိုယွင်းပျက်စီး နေတဲ့ ပိုက်တွေကို လိုအပ်သလို ပြုပြင်ဖာထေး တာတို့၊ အသစ် လဲလှယ် တပ်ဆင်တာတို့ လုပ်ဆောင် သွားမယ်။ ရေပိုက်လိုင်း အသစ်တွေလည်း တိုးချဲ့တပ်ဆင် ပေးဖို့ အစီအစဉ်တွေ ရှိတယ်။ အခု စလုပ်တာ မြို့နယ် လေးခုတည်း ဆိုပေမယ့် နောက်ထပ် မြို့နယ် တွေမှာလည်း တိုးချဲ့ လုပ်ဆောင်ဖို့ စီစဉ်ထားတယ် ... '' ဟု ၄င်းက ဆက်လက် ပြောသည်။

အဆိုပါ စီမံကိန်းအတွက် ကုန်ကျ စရိတ်များ အားလုံးနီးပါး နှင့် လိုအပ်သော ပစ္စည်းများ ထောက်ပံ့ခြင်းကို Minila Water ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက် သွားမည် ဖြစ်ပြီး ဝန်ထမ်း လိုအပ်ချက်ကို ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ ဖြည့်ဆည်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger