www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, November 9, 2014

လမ်းပန်းဆက်သွယ်ရေး ခက်ခဲ၍ ဖုန်းကို အားကိုးနေရသည့် ဒေသမှ ဒေသခံများ ဖုန်းများခေါ်ဆိုမရ၍ အခက်ကြံနေ



ဟုမ္မလင်း ၊ ၉-၁၁-၂၀၁၄

စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း သွားလာရေး ခက်ခဲသော ဒေသများသည် ဖုန်းဖြင့် ဆက်သွယ်၍ စီးပွားရေး၊ လူမှုရေး အခက်အခဲ များကို ဖြေရှင်းကြ ရသည်။ ယခုအခါ ခန္တီးခရိုင် ဟုမ္မလင်း မြို့နယ် နမ့်တော စံပြကျေးရွာ အုပ်စုတွင် ဂျီအက်စ်အမ် ဖုန်းလိုင်းများ ကောင်းမွန်စွာ ပြောဆို၍ မရ ဖြစ်နေ သောကြောင့် အခက်အခဲ ဖြစ်ပေါ် နေသည်မှာ လအတော် ကြာမြင့်နေပြီ ဖြစ်ကြောင်း နမ့်တော စံပြကျေးရွာ အထွေထွေ အုပ်ချုပ်ရေးမှူး က ပြောပြသည်။ ''ဂျီအက်စ်အမ် ဖုန်းလိုင်းတွေ ကတော့ အချိန်ပြည့် အပြည့်ပေါ် နေတယ်။ ဒါပေမဲ့ ဖုန်းတွေကတော့ ခေါ်လို့ ပြောလို့ မရဘူး။ အဲဒီလို ဖြစ်နေတာ လချီကြာ နေပါပြီ ... '' ဟု ၄င်းက ဆက်လက် ပြောပြသည်။

အဆိုပါ ဒေသသည် ရွှေသတ္တု တူးဖော ထုတ်လုပ်သော ကုမ္ပဏီကြီးများ အများအပြား တည်ရှိသည်။ ရွှေတူးဖော် ထုတ်လုပ်သူ များကို အမှီပြု၍ ကုန်မျိုးစုံ ရောင်းဝယ်ရေး လုပ်ငန်းများလည်း အထူး ဖြစ်ထွန်းလျက် ရှိသည်။ ချင်းတွင်း မြစ်ကြောင်း နှင့် ဥရုမြစ်ကြောင်း တို့တွင် ရေလမ်းကြောင်း ကောင်းမွန်သည့် အချိန်၌ မုံရွာမြို့မှ ထိုဒေသသို့ သွားရောက်မည် ဆိုပါက နှစ်ညအိပ် သုံးရက်ခရီး ဖြစ်သည်။ ထို့ကြောင့် ကုန်မျိုးစုံနှင့် လူသုံးကုန် အရောင်းဆိုင် ကြီးများသည် မုံရွာ၊ မန္တလေးမြို့ တို့သို့ သွားလာရန် ခက်ခဲသည့် အတွက် ဖုန်း ဆက်သွယ်ရေး စနစ်ဖြင့်သာ ဈေးကုန် ပစ္စည်းများ မှာယူ ရောင်းချ ကြသည်။ လွန်ခဲ့သော နှစ်အနည်းငယ် ခန့်က ထိုဒေသ၏ ဖုန်း ဆက်သွယ်ရေး စနစ်မှာ အိုင်ပီစတား ခေါ် ဂြိုဟ်တု စလောင်းဖုန်း များကို အဓိကထား သုံးစွဲခဲ့ ကြသည်။ ထို့နောက် ၂ဝ၁၁ ခုနှစ်တွင် မတ်စ်ဝဲလ် (အမ်စီဝဲလ်) ဖုန်းများကို ထိုဒေသတွင် သုံးစွဲလာ ခဲ့သည်။ ၄င်းဒေသသည် တောင်တန်းဒေသ ဖြစ်ပြီး လမ်းပန်း ဆက်သွယ်ရေး ခက်ခဲမှုများ ရှိကာ ဖုန်း ဆက်သွယ်ရေး စနစ်များကို အဓိကထား သုံးစွဲ နေရခြင်း ဖြစ်သည်။

အဆိုပါ ဒေသတွင် ဖုန်းလိုင်း ချိတ်ဆက် နိုင်သော ကျေးရွာအုပ်စု ၁၉ အုပ်စု၊ ကျေးရွာပေါင်း ၇၄ ရွာခန့် ရှိသည်။ ထို့ကြောင့် ထိုဒေသကို ဖွံ့ဖြိုးတိုးတက် စေရန် ၂ဝ၁၄ ခုနှစ်တွင် ဂျီအက်စ်အမ် ဖုန်းလိုင်းများ တိုးချဲ့တပ်ဆင် ပေးခဲ့ခြင်း ဖြစ်သည်။

ယခုအခါ အဆိုပါ ဂျီအက်စ်အမ် ဖုန်းလိုင်းများသည် လိုင်းတုံးများ အပြည့်အဝ ပေါ်နေ သော်လည်း ညအချိန် နံနက် ၁ နာရီမှ ၆ နာရီ အတွင်းထိသာ ပြောဆို ဆက်သွယ်နိုင်ပြီး ကျန်အချိန် များတွင် ခေါ်ဆို၍ မရကြောင်း သိရသည်။ ထိုသို့ ဖုန်းလိုင်းများ ချိတ်ဆက် ပြောဆို၍မရဘဲ အခက်အခဲ ကြုံနေသည်မှာ လပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း ဒေသခံ ပြည်သူများ ထံမှ သိရသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger