www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, November 9, 2014

တပ်မတော် နယ်လှည့်အထူးကု ဆေးအဖွဲ့များက ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်


တပ်မတော် နယ်လှည့် အထူးကုဆေးအဖွဲ့ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးစဉ်

နေပြည်တော် ၊ ၉-၁၁-၂၀၁၄

နေပြည်တော် လယ်ဝေးမြို့နယ် တွင် ရောက်ရှိနေသော တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့သည် ယမန်နေ့တွင် သာဝတ္ထိမြို့တွင် အခြေပြု၍ အဖွဲ့ငယ်များ ဖြန့်ခွဲကာ ပျံချီကျေးရွာ၊ တည်ထောင် ကျေးရွာ၊ပေါက်မြိုင်ကျေးရွာ နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ဆေးကုသမှု ဆိုင်ရာ ရောဂါ ၃၄၄ဦး၊ ခွဲစိတ်ရောဂါ ၄၁ ဦး၊ ကလေးရောဂါ ၂၇ ဦး၊ သားဖွားမီးယပ် ရောဂါ ၂ဝ ဦး၊ အရိုးရောဂါ ၁၅၄ ဦး၊ နား နှာခေါင်း လည်ချောင်း ရောဂါ ၈၇ ဦး၊ မျက်စိရောဂါ ၁၇၂ ဦးနှင့် သွားရောဂါ ၄၁ ဦး စုစုပေါင်း ၈၈၆ ဦးတို့အား လိုအပ်သည့် ကုသမှုများ ဆောင်ရွက် ပေးသည့်အပြင် အာထရာဆောင်း ရိုက်သူ ၂၉ ဦး၊ နှလုံး စမ်းသပ်သူ ၂၈ ဦးတို့အား ရောဂါ ရှာဖွေခြင်းများ ဆောင်ရွက် ပေးသည်။

အလားတူ စစ်ကိုင်းတိုင်း ဒေသကြီး အတွင်း ရောက်ရှိ နေသော တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့သည် ယမန်နေ့တွင် ကောလင်းမြို့နယ် ကျောက်တန်း ကျေးရွာတွင် အခြေပြု၍ အဖွဲ့ငယ်များ ဖြန့်ခွဲကာ ကြိုးကြာဥ ကျေးရွာ၊ ကုက္ကိုလ်ကုန်း ကျေးရွာ၊ ဆင်ကုန်းကျေးရွာ နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူ ဆေးကုသမှု ဆိုင်ရာ ရောဂါ ၆၇၄ ဦး၊ ခွဲစိတ်ရောဂါ ၁၂၉ ဦး၊ ကလေးရောဂါ ၁၃၇ ဦး၊ သားဖွားမီးယပ် ရောဂါ ၅၈ ဦး၊ အရိုးရောဂါ ၅၇ ဦး၊ နား နှာခေါင်း လည်ချောင်း ရောဂါ ၇၅ ဦး၊ မျက်စိရောဂါ ၂၃၉ ဦး၊ သွားရောဂါ ၇၅ ဦးနှင့် အခြားရောဂါ ၃ဝ ဦး စုစုပေါင်း ၁၄၇၄ ဦး တို့အား လိုအပ်သည့် ကုသမှုများ ဆောင်ရွက် ပေးပြီး ရွေ့လျား ခွဲစိတ် ကုသယာဉ်ဖြင့် အထွေထွေ ခွဲစိတ် ကုသသူ ၁၂ ဦး၊ မျက်စိ ခွဲစိတ်သူ ၃၄ ဦးတို့အား ကုသပေးခြင်း နှင့် ရွေ့လျား ဓာတ်မှန် ရိုက်ယာဉ်ဖြင့် ဓာတ်မှန် ရိုက်သူ ၅ဝ ဦး၊ အာထရာဆောင်း ရိုက်သူ နှစ်ဦး၊ နှလုံး စမ်းသပ်သူ သုံးဦးတို့အား ရောဂါ ရှာဖွေခြင်းများ ဆောင်ရွက် ပေးသည်။

တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့များ အနေဖြင့် နိုဝင်ဘာ ၂ ရက်မှစ၍ နေပြည်တော် နှင့် စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ ကျေးရွာများမှ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ၊ ကျန်းမာရေး အသိပညာပေး ဟောပြောခြင်း လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ရာ ယနေ့အထိ နေပြည်တော် ဥတ္တရသီရိ မြို့နယ် နှင့် တပ်ကုန်း မြို့နယ်များရှိ ကျေးရွာများမှ ဒေသခံပြည်သူ ၃၄၉၁ ဦးကို လည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ် နှင့် ကောလင်းမြို့နယ် များရှိ ကျေးရွာများမှ ဒေသခံ ပြည်သူ ၇ဝ၁၁ ဦးကို လည်းကောင်း လိုအပ်သော ဆေးကုသမှု လုပ်ငန်းများ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger