www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 18, 2014

မန္တလေးတောင်ပေါ်ရှိ ဆုတောင်းပြည့် ရင်ပြင်တွင် ပြည်တွင်း ပြည်ပ ခရီးသွားများ နေ၀င်ဆည်းဆာ အလှကြည့်ရှုခံစား



မန္တလေး ၊ ၁၈-၁၁-၂၀၁၄

ပင်လယ် ရေမျက်နှာပြင် အထက် ၇၇၆ ပေအမြင့်တွင် ရှိသော မန္တလေး တောင်ပေါ်ရှိ ဆုတောင်းပြည့် ရင်ပြင်တော်တွင် နေဝင် ဆည်းဆာအလှ ကို ကြည့်ရှုခံစား နေသော ပြည်တွင်း၊ ပြည်ပခရီးသွား များ အထူး စည်ကားလျက် ရှိသည်။

မန္တလေးတောင်ကို ရွှေတောင်၊ ငွေတောင်၊ ပတ္တမြားတောင်၊ ဆေးဒန်းတောင်၊ မြင်းသီလာတောင်၊ ဒုတ္ထာတောင်၊ ရေလှည့်တောင်၊ ကြေးနီတောင်၊ ဘီလူးမတောင် ဟု အမည်တွင်သော တောင်ကိုးလုံး တို့ ဝိုင်းရံရစ်ပတ် စုပေါင်း တည်နေသော ကြောင့် လာရောက်သူများ သဘာဝ အလှကို ကြည့်ရှု ခံစားရင်း စိတ်ကြည်လင် ရွှင်ပြရာနေရာ ဖြစ်သောကြောင့် ''မဏ္ဍလေးတောင်'' ဟုခေါ်သည်။

ဗုဒ္ဓမြတ်စွာဘုရား ၏ ဓာတ်တော် မွေတော်လေးမျိုး တည်ရှိရာ မန္တလေးတောင်ကို ရှေးမင်း အဆက်ဆက် တို့က တည်ထားကိုးကွယ် ခဲ့ကြရာ ၄င်းတို့မှာ မြန်မာသက္ကရာဇ် (၁ဝ၁) ခုနှစ်တွင် ဒွတ္တပေါင်မင်း၊ သက္ကရာဇ် (၃၆၄) ခုနှစ်တွင် အနော်ရထာမင်း၊ သက္ကရာဇ် (၈၃ဝ) ပြည့်နှစ်တွင် မင်းကြီး မဟာသီဟသူ၊ သက္ကရာဇ် (၁၁၆၇) ခုနှစ်တွင် အိမ်ရှေ့ မဟာဥပရာဇာမင်း၊ သက္ကရာဇ် (၁၁၈၁) ခုနှစ်တွင် မှန်နန်းရှင် မင်းတရားကြီး နှင့် သက္ကရာဇ် (၁၂၂၁) ခုနှစ်တွင် မင်းတုန်းမင်း တရားကြီး တို့ ဖြစ်ကြသည်။

မြန်မာသက္ကရာဇ် (၁၂၆၉) ခုနှစ်တွင် ရသေ့ကြီး ဦးခန္တီသည် မန္တလေး တောင်သို့ စတင်ရောက်ရှိပြီး ရှေးမင်းများ အဆက်ဆက် ဆောက်လုပ် လှူဒါန်းခဲ့သော သာသနိက အဆောက်အအုံ များကို သစ်သားမဖက် သံ၊ အုတ်၊ အင်္ဂတေ တို့ဖြင့် ဆောက်လုပ်လှူဒါန်း ခဲ့ကြကြောင်း မှတ်တမ်းများ အရ သိရသည်။

သန်းဇော်မင်း

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger