www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 11, 2014

ရန်ကုန်မြို့တော် နယ်နိမိတ်ပြင်ပမှ မော်တော်ယာဉ်များ မြို့တွင်း၌ နေထိုင်ခဲ့သည့် ရက်အလိုက် မြို့ဝင်ကြေး တွက်ချက် ပေးဆောင်ရမည်


ရန်ကုန် ၊ ၁၁-၁၁-၂၀၁၄

ရန်ကုန်မြို့တော် နယ်နိမိတ်ပြင်ပ မှ မော်တော်ယာဉ် များသည် မြို့တွင်းသို့ ဝင်ရောက် သွားလာ နေထိုင်ခဲ့သည့် ရက်များအလိုက် သတ်မှတ် နှုန်းထားများ အတိုင်း ကျသင့်သည့် မြို့ဝင်ကြေးကို တွက်ချက် ပေးဆောင် ရမည်ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ အမိန့် ကြေညာစာ ထုတ်ပြန် ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ နယ်နိမိတ် ပြင်ပမြို့နယ်များ နှင့် ရန်ကုန်တိုင်း ဒေသကြီးပြင်ပ မှ တစ်တန်မှ ငါးတန်အထက် မော်တော်ယာဉ် များသည် မြို့တွင်း၌ သွားလာ နေထိုင်ခဲ့သည့် ကာလအတွက် ကျသင့်သည့် မြို့ဝင်ကြေးကို တစ်ရက်နှုန်းဖြင့် ရက်အလိုက် တွက်ချက် ပေးဆောင် ရမည်ဟု သတ်မှတ်ခြင်း ဖြစ်သည်။

မြို့ဝင်ကြေး ပေးဆောင်ခြင်း မရှိသည့် မော်တော်ယာဉ်များ အပြင် မြို့တော်စည်ပင် နယ်နိမိတ် ပြင်ပသို့ ပြန်လည် ထွက်ခွာသည့် အချိန်တွင် မြို့ဝင်ကြေး ပေးဆောင် ထားသည့် သက်သေခံ လက်မှတ် ပြသနိုင်မှု မရှိခြင်း တို့ကို စစ်ဆေး တွေ့ရှိပါက မြို့ဝင်ကြေး စတင် ကောက်ခံသည့် ရက်မှ စတင်၍ စစ်ဆေး တွေ့ရှိသည့် ရက်အထိ သတ်မှတ် နှုန်းထား များအတိုင်း ရက်အလိုက် တွက်ချက် ကောက်ခံမည် ဖြစ်သည်။ 

မြို့ဝင်ကြေး ပေးဆောင် ထားသည့် သက်သေခံ လက်မှတ်ပြသ နိုင်ပါက မြို့ဝင်ကြေး ပေးဆောင် ထားသည့် ရက်မှအပ ကျန်ရက်များ အတွက် ရက်အလိုက် တွက်ချက် ပေးဆောင်ရမည် ဖြစ်ပြီး လိုအပ်ပါက တစ်လတာ အတွက် ကြိုတင် ပေးဆောင် သည့် မြို့ဝင်ကြေး သတ်မှတ် လက်မှတ် ရယူကာ ထိန်းသိမ်း ထားရှိရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြ ပါရှိသည်။

ခရီးသည်တင် ဘတ်စ်ကား၊ တပ်မတော်ပိုင် မော်တော်ယာဉ်၊ ရဲတပ်ဖွဲ့ပိုင် မော်တော်ယာဉ်၊ အရေးပေါ် လူနာတင်ယာဉ်၊ မီးသတ်ယာဉ်၊ ဌာနဆိုင်ရာ အစိုးရဝန်ထမ်း ကြို/ ပို့ယာဉ် နှင့် ကုန်တင်ယာဉ် များကို မြို့တော်အတွင်း ဝင်ရောက်၊ ရပ်နား၊ မောင်းနှင် အသုံးပြုခြင်း အတွက် ကင်းလွတ်ခွင့် ပြုမည် ဖြစ်ကြောင်း သိရသည်။ (၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger