www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, October 26, 2014

ဆေးလိပ်နှင့် ကင်းဝေးစေဖို့ နည်းလမ်းကောင်း


ဆေးလိပ်နှင့် ကင်းဝေးစေဖို့ နည်းလမ်းကောင်း

တစ်ချိန်က ကျေးလက်ဒေသ များမှသည် မြို့တော်၊ မြို့ကြီးများ အထိ လူတန်းစား မရွေးဆေးတံ သောက်သည့် ဓလေ့များ ရှိခဲ့သည်။ တစ်ချိန်က လူကြီးမိဘ များက သားမြေးများကို ဆေးတံ မီးကူးခိုင်း ခဲ့သည်။ ဆေးတံမီးသည် တို့၍ရသည့် အရာမဟုတ် ဖွာရှိုက်မှသာ မီးစွဲခြင်း ကြောင့် ကလေးများ တစ်ဖွာ၊ နှစ်ဖွာ ရှိုက်ကြရာမှ တရှိုက်မက်မက် ဆေးတံစွဲမြဲ သောက်တတ် လာခဲ့ကြသည်။

အစတွင် မြေဆေးတံ၊ ဝါးဆေးတံ၊ သစ်သားဆေးတံ စသည်ဖြင့် အဆင့်ဆင့် ပြောင်းလဲ လာခဲ့သည်။ နောက်ပိုင်း ဆေးတံအစား၊ ဆေးသားလိပ်၊ ဆေးပေါ့လိပ် ဒေသထွက် ကုန်များဖြင့် ပြုလုပ်သည့် ဆေးလိပ်ခုံများ ပေါ်လာသည်။ အညာ ကျေးလက်ဒေသ များတွင် ပြောင်းဖူးဖက် ဆေးလိပ်၊ အောက်ပြည်၊ အောက်ရွာဒေသ များတွင် သနပ်ဖက်ကို အတွင်း ကလီစာအဖြစ် ဥနှဲသား ကိုစဉ်း၊ ဆေးရွက်ကြီး နှင့်ရောသုံး ကြသည်။

နောက်ပိုင်းတွင် နိုင်ငံခြား စီးကရက်များ ပြည်တွင်း ဈေးကွက်သို့ ဝင်လာသည်။ အပြင်အဆင် နှင့် နည်းပညာ အားကောင်းမှု၊ မက်လုံးပေး ဖြန့်ဖြူးပေးမှု များကြောင့် ပြည်တွင်းဖြစ် ဆေးလိပ်များ ဈေးကွက်မှ ပျောက်ရသည့် အဖြစ်သို့ ရောက်ကြ ရသည်။ ဆေးလိပ်ခုံ အလုပ်သမများ အလုပ်လက်မဲ့ ဘဝသို့ ရောက်ကြ ရသည်။

ယနေ့ အချိန်အခါတွင် အဆိုပါ နိုင်ငံခြားဖြစ် စီးကရက် များ၌ နီကိုတင်းဓာတ် ပါဝင်မှု များနေသည်ကို တွေ့ကြ ရသည်။ ထုတ်လုပ်သည့် နိုင်ငံများနှင့် ဖွံ့ဖြိုး တိုးတက်ပြီး နိုင်ငံများတွင် ကန့်သတ် တားမြစ်မှုများ ပြုလာကြသည်။ ကမ္ဘာ့ စီးကရက် အများဆုံး သောက်သုံးသည့် နိုင်ငံဖြစ်သည့် ရုရှား နိုင်ငံတွင် ဆေးလိပ် မသောက်ရ နယ်မြေများကို ဥပဒေဖြင့် သတ်မှတ် ထားသည်။

ဖွံ့ဖြိုးပြီး နိုင်ငံများတွင် တင်းကျပ် လာမှုကြောင့် စီးကရက် ဈေးကွက်နေရာ ပြောင်းရွှေ့ လာခဲ့ရသည်။ ဖွံ့ဖြိုးမှု နည်းပါးရာ လက်တင် အမေရိက၊ အာရှ၊ အာဖရိက ဒေသများသို့ အဝင်များ လာသည်။ မြန်မာနိုင်ငံ တွင်လည်း စီးကရက် သောက်သုံးမှု သည် ကျန်းမာရေး ပြဿနာ တစ်ရပ် ဖြစ်လာ သောကြောင့် ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲမှုကို ဥပဒေ ပြဋ္ဌာန်းခြင်း၊ ဆေးလိပ် ကင်းမဲ့ဇုန်၊ ဆေးလိပ် သောက်ရန် ကန့်သတ် နယ်မြေများ သတ်မှတ်ထား ရသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံ တွင် စီးကရက် ထုတ်လုပ် ဖြန့်ချိမှုနှင့် ကာကွယ် တားဆီးမည့် နည်းလမ်းများ ဆောင်ရွက်ကြ ရမည်။ လူအများ စုဝေးရာ နေရာ ဟူသမျှ ဆေးလိပ် ကင်းလွတ်ဇုန် များအဖြစ် ဥပဒေဖြင့် သတ်မှတ်ခြင်း၊ စီးကရက်ခွန်ကို တိုးမြှင့် ကောက်ခံခြင်း များဖြင့် ထိန်းချုပ်ကြ ရမည်။ အခြေခံ ပညာ ကျောင်းများတွင် ပညာပေးခြင်း လုပ်ငန်းများ အရှိန်အဟုန် မြှင့် ဆောင်ရွက် ပေးရမည်။ ရေရှည်အတွက် ကြိုတင် ကာကွယ်ခြင်း တို့သည် အကောင်းဆုံး နည်းလမ်းများ ဖြစ်ကြောင်း ရေးသား တင်ပြ လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger