www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, September 8, 2014

ရှေးဟောင်း သမိုင်းဝင် ပစ္စည်းများ လေလွင့် ပျက်စီးမှုလျော့နည်း စေရေး ၀ိုင်းဝန်းထိန်းသိမ်း စောင့်ရှောက် ပေးရန်လို


ချောင်းဦး ၊ ၈-၉-၂၀၁၄

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ် တွင် ဒုတိယ ပုဂံပြည် ဟု တင်စား ခေါ်ဝေါ်ခံ ရလေ့ရှိသော တောကျောင်းကြီး အမြင့်ဒေသ ရှိ ရှေးဟောင်း သမိုင်းဝင် ပစ္စည်း များသည် မြန်မာ့ ယဉ်ကျေးမှု သမိုင်းတန်ဖိုး အရ အလွန် အရေးပါသည့် အမွေအနှစ်များ ဖြစ်သည့် အတွက်ကြောင့် လေလွင့် ပျက်စီးမှု လျော့နည်းစေရန် သက်ဆိုင်ရာမှ တာဝန်ယူ ထိန်းသိမ်း စောင့်ရှောက် ပေးစေလိုကြောင်း သမိုင်း ဗိသုကာ ပညာရှင် တစ်ဦးက ပြောပြသည်။

''ခေတ်တစ်ခေတ် ရဲ့ယဉ်ကျေးမှု တန်ဖိုးဟာ သမိုင်း အထောက်အထား များပဲ ဖြစ်တယ်။ ဒီ အထောက်အထား တွေဟာ ဘယ်နည်းလမ်း နဲ့မှ ဖန်တီးပြီး ရယူလို့ မဖြစ်နိုင် ပါဘူး။ သမိုင်း အထောက်အထား ရဲ့ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းမှန်လျှင် မိတ္တူ ပွားလို့ မရရှိနိုင် ပါဘူး။ ဒီတော့ ရှေးဟောင်း သမိုင်းဝင် ပစ္စည်းတွေ လေလွင့် ပျက်စီးမှု လျော့နည်း စေရေး အတွက် ပြည်သူအားလုံး က ဝိုင်းဝန်း ထိန်းသိမ်း ပေးဖို့လည်း လိုအပ်ပါတယ် ... '' ဟု ၄င်းက ဆက်လက် ပြောပြသည်။ 

ချောင်းဦးမြို့နယ် ၏ အနောက်တောင် အရပ်မှ ၇ မိုင်ခန့်အကွာ ချင်းတွင်း မြစ်ကမ်း အနီးရှိ တောကျောင်းကြီး အမြင့်ဒေသ သည် ပုဂံခေတ်များ နှင့် ခေတ်ပြိုင် ဒေသတစ်ခု ဖြစ်သည်ဟု သမိုင်း ပညာရှင် များက မှတ်တမ်းများ ရယူ ထားကြောင်း သိရသည်။ ထိုဒေသရှိ စေတီပုထိုးများ အပါအဝင် ရှေးဟောင်း သမိုင်းဝင် အဆောက်အအုံ များသည် ပုဂံခေတ် လက်ရာများ နှင့် တစ်ထပ်တည်း ရှိကြောင်း မြင်တွေ့ ကြရသည်။ အဆိုပါ အဆောက်အအုံ များ၏ အရေအတွက် မှာ ၄၄၅၃၃၃ ဆူ ဖြစ်သည်ဟု ဒေသဆိုင်ရာ မှတ်တမ်းများ အရ သိရသည်။

၎င်း အဆောက်အအုံ များနှင့် ပတ်သက်၍လည်း နောင်လာ နောက်သားများ မှတ်သားရ လွယ်ကူစေရန် ''ရွှေလက်ပံ ညံစီစီ'' ဒုတိယ ပုဂံပြည် ဟု အမှတ် သညာများ ထားရှိကြောင်း သိရသည်။

ယခုအခါ ထိုဒေသရှိ ရှေးဟောင်း သမိုင်းဝင် ပစ္စည်း များသည် ရာသီဥတုဒဏ် နှင့် သဘာဝ ဘေးအန္တရာယ် များကြောင့် အချို့သော ပစ္စည်းများ လေလွင့် ပျက်စီးလျက် ရှိသည်။ အဆိုပါ ပျက်စီးလျက် ရှိသော ရှေးဟောင်း သမိုင်းဝင် ပစ္စည်းများ (ပုံ) သည် မြန်မာ့ သမိုင်းတွင် အလွန် အရေးပါ အရာရောက် သည့် ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းများ ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် တောကျောင်းကြီး အမြင့်ဒေသ ရှိ ရှေးဟောင်း သမိုင်းဝင် ပစ္စည်းများ ဆက်လက်၍ လေလွင့် ပျက်စီးခြင်း မရှိစေရန် သက်ဆိုင်ရာမှ ထိန်းသိမ်း စောင့်ရှောက် ပေးရန် လိုအပ် နေကြောင်း သိရှိရသည်။ (၁၅၄)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger