www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, September 5, 2014

မိုင်းနင်းမိ ပေါက်ကွဲ၍ ဒေသခံပြည်သူ တစ်ဦးသေဆုံး ၊ သုံးဦးဒဏ်ရာ ရရှိ


မိုင်းထိ လူနာများအား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် မှ 
တာဝန်ရှိ သူများက သွားရောက် ကြည့်ရှု အားပေးစဉ်

တနိုင်း ၊ ၅-၉-၂၀၁၄

ကချင်ပြည်နယ် တနိုင်းမြို့နယ် ထန်းပရာ ရွှေမော် နေသူ ဦးငွါးဆာဒီး ၃၆ နှစ်(ဘ) ဦးဒီဆာရဲ့ နှင့် ဦးလအောင် ၂၆ နှစ် (အဘအမည်စိစစ်ဆဲ) တို့ နှစ်ဦးသည် သြဂုတ် ၃ဝ ရက် နံနက် ၆ နာရီခန့်တွင် ထန်းပရာ ရွှေမော် ၏ တောင်ဘက် ၃ မိုင်ခန့် အကွာသို့ ငါးရှာရန် သွားရောက်စဉ် မိုင်းတစ်လုံး နင်းမိ ပေါက်ကွဲ သဖြင့် ဦးလအောင် သည် ၄င်းနေရာ ၌ပင် သေဆုံး သွားပြီး ဦးငွါးဆာဒီး မှာ ယာဘက်ဒူး၊ ဝဲဘက် ခြေကျင်းဝတ်၊ ယာဘက် ခြေကျင်းဝတ်၊ ဝဲ/ယာ လက်ကောက်ဝတ်၊ ဝဲဘက်ခေါင်း နှင့် မျက်နှာ တို့တွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိ ခဲ့၍ စက်တင်ဘာ ၁ ရက် ညနေပိုင်းက တနိုင်းမြို့ ပြည်သူ့ဆေးရုံ သို့ တက်ရောက် ကုသမှု ခံယူခဲ့သည်။

ထို့အတူ သြဂုတ် ၃၁ ရက် နံနက် ၇ နာရီခွဲ ခန့်တွင် ထန်းပရာ ရွှေမော် နေ ဦးကျော်သူ ၂၅ နှစ်(ဘ) ဦးလှစိန်ထွန်း သည် ထန်းပရာ ရွှေမော် ၏ အနောက် တောင်ဘက် ၃ မိုင်ခန့် အကွာ ဝေလော ရွှေမော် နေရာ၌ မိုင်းတစ်လုံး နင်းမိ ပေါက်ကွဲ၍ ဝမ်းဗိုက် နှင့် ဝဲလက်ပြင် တို့တွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့သဖြင့် စက်တင်ဘာ ၁ ရက် ညပိုင်းက တနိုင်းမြို့ ပြည်သူ့ဆေးရုံ သို့ တက်ရောက် ကုသမှု ခံယူခဲ့သည်။

အလားတူ ပူတာအိုမြို့ မလိဒီး ကျေးရွာနေ ရဲဒါးဝူ ၄ဝ နှစ် (ဘ) ဦးရဲဘီယဲ့ သည် စက်တင်ဘာ ၂ ရက် နံနက်ပိုင်းက တနိုင်းမြို့ ပြည်သူ့ဆေးရုံ သို့ မိုင်းထိဒဏ်ရာ အား လာရောက် ပြသစဉ် တာဝန်ရှိ သူများက စိစစ် မေးမြန်းမှု အရ ဇွန် ၂၉ ရက် ညနေ ၅ နာရီခန့်တွင် ဇီးဖြူကုန်း ပယင်းမှော် ၌ ပယင်းတူးပြီး ပြန်လာစဉ် မိုင်းတစ်လုံး နင်းမိ ပေါက်ကွဲခဲ့ သဖြင့် ဝဲဘက် ခြေသလုံးတွင် မိုင်းစ ထိမှန် ဒဏ်ရာ ရရှိခဲ့၍ ဆေးရုံသို့ လာရောက် ပြသခြင်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ မိုင်းထိ လူနာများအား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် မှ တာဝန်ရှိ သူများက သွားရောက် ကြည့်ရှု အားပေးပြီး ထောက်ပံ့ ငွေများပေးအပ် ခဲ့ကြောင်း သိရှိရသည်။။ (၁၀၀)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger