www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, September 26, 2014

အင်းလေးဖောင်တော်ဦး မြတ်စွာဘုရား ကိုယ်ပွားတော်များ ၂၁ ဌာနသို့ ဒေသစာရီ စတင်ကြွချီ



ညောင်ရွှေ ၊ ၂၆-၉-၂၀၁၄

ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းလေးဒေသ ၊ နမ့်ဟူးရွာ၊ ဖောင်တော်ဦး မြတ်စွာဘုရား ကိုယ်ပွားတော်များ ထာဝရ ကိန်းဝပ် တော်မူရာ ရတနာစံ ကျောင်းတော်ကြီး မှ အင်းလေးဒေသ ပတ်ဝန်းကျင် ၂၁ ဌာနသို့ ဒေသစာရီ ကြွချီ အပူဇော်ခံရန် ပင့်ပန် လျှောက်ထားသည့် အခမ်းအနားကို စက်တင်ဘာ ၂၄ ရက် နံနက် ၆ နာရီက ရတနာစံ ကျောင်းတော်ကြီး ၌ကျင်းပရာ တက်ရောက် လာကြသည့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဂေါပက အဖွဲ့ဝင်များ၊ ဒေသခံ တိုင်းရင်းသား ပြည်သူများ နှင့် စေတနာရှင် အလှူရှင် များက ရတနာမြတ် သုံးပါးအား ကန်တော့ကြပြီး ဖောင်တော်ဦး ဘုရား ဂေါပကအဖွဲ့ သြဝါဒ စရိယ နိုင်ငံတော် သြဝါဒ စရိယ ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဟဲယာရွာမ ရွှေဘုံသာ ပရိယတ္တိ စာသင်တိုက် ပဓာန နာယက ဆရာတော်ကြီး ထံမှ ငါးပါးသီလ ခံယူ ဆောက်တည် ကြပြီး သံဃာတော် အရှင်သူမြတ် များက မင်္ဂလာသုတ်၊ မေတ္တာသုတ် စသည့် ပရိတ်တရား ဒေသနာတော် များကို ရွတ်ပွား ချီးမြှင့်တော်မူ ကြသည်။

ထို့နောက် ညောင်ရွှေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စောလှ က ဖောင်တော်ဦး မြတ်စွာဘုရား ကိုယ်ပွားတော် များအား ရွှေအင်းတိမ် ဌာန အစရှိသည့် ၂၁ ဌာနသို့ဒေသ စာရီကြွချီ၍ အပူဇော်ခံ တော်မူမည့် အကြောင်း ပင့်ပန် လျှောက်ထားပြီး ပရိတ်သတ် အပေါင်းက သာဓုသုံးကြိမ် ခေါ်ဆိုကာ ကြေးစည်နှင့် ခရုသင်းများ တီးမှုတ်၍ ဆန်ပန်း ပေါက်ပေါက် ကြဲမြောက် ပူဇော်ကြပြီး ဖောင်တော်ဦး မြတ်စွာဘုရား ကိုယ်ပွားတော်များ သီတင်းသုံးရာ ရတနာ စံကျောင်း ပလ္လင်မှ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းထွန်း၊ တောင်ကြီး ခရိုင် အုပ်ချုပ်ရေးမှူး ဦးကံထွန်း ၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ထွန်းအောင်၊ ဦးအောင်ကြည်ဝင်း၊ ဖောင်တော်ဦး ဂေါပကအဖွဲ့ များက ရွှေဝေါ ယာဉ်တော်ဖြင့် ခေတ္တယာယီ သီတင်းသုံး တော်မူမည့် ရတနာစံ ကျောင်းတော် သို့ ပင့်ဆောင်ရာ လမ်းတစ်လျှောက် ဓမ္မစကြာ ဝတ်ရွတ် အဖွဲ့များက ရွတ်ဆို ပူဇော်ကြပြီး အခါတော် အချိန်ကျရောက် သည်နှင့် ဖော်တော်ဦး ကိုယ်ပွားတော် များအား ရွှေကရဝိတ်ဖောင်တော်ယာဉ် သို့ပင့်တင်၍ ဆွဲလှေများဖြင့် ရွှေအင်းတိမ် ဌာနသို့ စတင် ပင့်ဆောင် ကြသည်ဟု သိရှိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger