www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, September 19, 2014

မိုးလွန်ကဲစွာ ရွာသွန်းမှုကြောင့် တစ်ဖက်ယပ်ဆည် ကျိုးပေါက်ရာ လူငါးဦးပျောက်



စဥ့်ကူး ၊ ၁၉-၉-၂၀၁၄

မန္တလေးတိုင်း ဒေသကြီး စဥ့်ကူးမြို့နယ် ရှောက်ပင်ရိုး ကျေးရွာအုပ်စု၊ နွယ်ရုံ၊ ကျည်တောက်ပေါက်၊ ရေမျက် နှင့် ကံပြိုကျေးရွာ တို့တွင် စက်တင်ဘာ ၁၇ ရက်ညက ထူးကဲစွာ ရွာသွန်းသည့် မိုးကြောင့် တစ်ဖက်ယပ်ဆည် ကျိုးပေါက်ပြီး ရေကြီး နစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ရာ ကားလမ်းပေါ် ရေကျော်ပြီး မန္တလေး - မိုးကုတ် သွား ခရီးသည်တင် ကားများ သွားလာမှု ရပ်ဆိုင်း ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးကြောင့် ယခင် ဦးဖေရှင်ကန် ခေါ် ယခုနှစ် ဆည်မြောင်း ဦးစီးဌာနမှ ဌာန ရန်ပုံငွေ ကျပ်သိန်း ၃ဝဝ အကုန်ကျခံ ထပ်မံ တည်ဆောက် ထားသည့် ကံပြို တစ်ဖက်ယပ်ဆည် ကျိုးပေါက်မှု ဖြစ်ပေါ်ပြီး အနီးနားရှိ လူနေအိမ်ခြေ ၃ဝ ခန့် ရေနစ်မြုပ် ခဲ့ခြင်းနှင့် စိုက်ပျိုးပြီးသည့် လယ်မြေများ ရေလွှမ်း၍ ပျက်စီးခဲ့သည်။ ထို့ပြင် နွယ်ရုံကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း နှင့် ကျည်တောက်ပေါက် ကျေးရွာ အခြေခံ ပညာ အထက်တန်းကျောင်း အုတ်တံတိုင်းများ ပြိုကျပျက်စီး ခဲ့ပြီးကျောင်းရှေ့ရှိ ကျောက်ခင်းလမ်း လည်း ပျက်စီး သွားခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးကြောင့် ရေမျက်ကျေးရွာ တွင်လည်း တောင်ကျရေများ ကျရောက်ကာ လူနေအိမ်ခြေများ မြေပြို သဲဖုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး ကားနှင့် ဆိုင်ကယ်များ ရေစီးထဲ မျောပါကာ ကလေး၊ လူကြီး ငါးဦးပျောက် ဆုံးလျက် ရှိပြီး နှစ်ဦး၏ အလောင်း ကိုသာ ရှာတွေ့ သေးကြောင်း ဒေသခံ ပြည်သူ တစ်ဦး၏ ပြောပြချက် အရ သိရသည်။

အဆိုပါ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆည်ကျိုးပေါက်မှု နှင့် ရေနစ်မြုပ် ပျက်စီးခဲ့သည့် ကျောင်းများ ရေဘေးသင့် ကျေးရွာများသို့ မန္တလေးတိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုး၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်သန်း နှင့် တာဝန်ရှိ သူများသည် ချက်ချင်း သွားရောက် ကြည့်ရှုကာ လိုအပ်က ဖြည့်ဆည်း ဆောင်ရွက်မှုများ ပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

ဝင်းမောင် (စဥ့်ကူး)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger