www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, July 4, 2014

KIA (ကချင်)အဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးအား မူးယစ်ဆေးဝါး များနှင့်အတူ ဖမ်းဆီးရမိ


ဖမ်းဆီးရမိသော KIA (ကချင်)အဖွဲ့ မှ ဗိုလ်ကြီး အဆင့်ရှိ 
မဂျီဘရန်ဆိုင်း နှင့် ဒေါ်မရှည် (ခ) ဒေါ်ရွှေ တို့အား လက်နက်ခဲယမ်း ၊ မူးယစ်ဆေးဝါး များနှင့်အတူ တွေ့ရစဉ်

နေပြည်တော် ၊ ၄-၇-၂၀၁၄

KIA (ကချင်) အဖွဲ့အနေဖြင့် ကချင်ပြည်နယ် အတွင်း သစ်မှောင်ခို လုပ်ငန်းများ၊ ဓားပြတိုက် မှုများ၊ ကျောက်စိမ်း ကျောက်မျက် မှောင်ခို လုပ်ငန်းများ၊ ဒေသခံ ပြည်သူများထံ မှ အဓမ္မ ဆက်ကြေး ကောက်ခံခြင်း၊ အဓမ္မ လူသစ် စုဆောင်းခြင်း များနှင့် မူးယစ်ဆေးဝါး မှောင်ခို လုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ ဇူလိုင် ၁ ရက်တွင် KIA (ကချင်)အဖွဲ့ တပ်ရင်း(၆)မှ ဗိုလ်ကြီး အဆင့်ရှိ မဂျီဘရန်ဆိုင်း အား မူးယစ်ဆေးဝါး များနှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် လုံးတုံ ကျေးရွာအုပ်စု မပြင်ကျေးရွာ နေ ဒေါ်မရှည် (ခ) ဒေါ်ရွှေ၏ နေအိမ်တွင် KIA (ကချင်) အဖွဲ့မှ ဗိုလ်ကြီးအဆင့် ရှိသူတစ်ဦး ရောက်ရှိ နေကြောင်း တာဝန်သိ ပြည်သူများထံမှ သတင်းရရှိ သဖြင့် ဇူလိုင် ၁ ရက် နံနက် ၂ နာရီခွဲတွင် နယ်မြေ လုံခြုံရေး တာဝန် ထမ်းဆောင်လျက် ရှိသော တပ်မတော်သားများ နှင့် မြို့နယ် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ၄င်းနေအိမ်နှင့် လယ်တဲအား ရှင်းလင်းခဲ့ရာ KIA (ကချင်) အဖွဲ့ တပ်ရင်း(၆)မှ ဗိုလ်ကြီးအဆင့် ရှိ မဂျီဘရန်ဆိုင်း အား ၄င်း ကိုင်ဆောင်သည့် အမ်-၂ဝ ပစ္စတိုတစ်လက်၊ ကျည်အိမ်တစ်ခု၊ ကျည်ခြောက်တောင့် နှင့် ရောင်းချရန် နှင့် ကိုယ်တိုင် သုံးစွဲရန် ဖြစ်သည့် စိတ်ကြွ မူးယစ်ဆေးပြား ၅၆ ပြား၊ ဘိန်းဖြူ (နီဝါကြား)မှုန့် ထည့်ထားသည့် ဆပ်ပြာခွက် နှစ်ခွက်၊ ပင်နီဆလင် ပုလင်း ၁ဝ လုံးနှင့် အဝတ်ဘိန်း သုံးကျပ်သားခန့် တို့နှင့်အတူ ၄င်းနှင့် ပတ်သက်သော အမျိုးသမီးများစွာ အနက်မှ တစ်ဦး ဖြစ်သည့် ဒေါ်မရှည် တို့အား ဖမ်းဆီးရမိ ခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူ နှစ်ဦးအား တရား ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။ (၁၀၀)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger