www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 14, 2014

ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံသို့ အ၀တ်အထည် တင်ပို့မှုနှင့် အော်ဒါမှာယူမှု အများဆုံးရရှိ



ရန်ကုန် ၊ ၁၄-၇-၂၀၁၄

ယခုနှစ်အတွင်း ဂျပန် နှင့် တောင်ကိုရီးယား နိုင်ငံသို့ မြန်မာနိုင်ငံ အနေဖြင့် အ၀တ်အထည် တင်ပို့မှု နှင့် အော်ဒါမှာယူမှု အများဆုံး ဖြစ်ကြောင်း အမျိုးသား စီမံကိန်း နှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ အထည်ချုပ် လုပ်ငန်းကဏ္ဍ တွင် ပြည်ပနိုင်ငံ များ အနေဖြင့် ယခုနှစ်အတွင်း လက်ခစား စနစ်ဖြင့် အထည်ချုပ် လုပ်ငန်း များ၌ ရာခိုင်နှုန်းပြည့် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု အရဖြစ်စေ ၊ နိုင်ငံသား ကုမ္ပဏီများ နှင့် ပူးပေါင်း၍ ဖက်စပ် ရင်းနှီး မြှုပ်နှံမှု အရဖြစ်စေ ဆက်တိုက် ၀င်ရောက် ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်လျက် ရှိကြောင်း ၊ လက်ရှိတွင် တောင်ကိုရီးယား ၊ ဟောင်ကောင် ၊ ထိုင်ဝမ် ၊ ထိုင်း ၊ အင်ဒိုနီးရှား နှင့် ဂျပန် စသည့် နိုင်ငံတို့မှ ရန်ကုန်တိုင်း ဒေသကြီး ရှိ ရွှေပြည်သာ ၊ ရွှေလင်ဗန်း ၊ အနော်ရထာ ၊ ရွှေသံလွှင် နှင့် လှိုင်သာယာ စက်မှုဇုန် များ၌ အထည်ချုပ် စက်ရုံများ တည်ထောင် လုပ်ကိုင်ရန် ခွင့်ပြုချက်များ ရယူ ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် ပြည်ပသို့ အ၀တ်အထည် တင်ပို့မှုမှ လစဉ် ပျမ်းမျှရငွေမှာ အမေရိကန် ဒေါ်လာ သန်း ၅၀ နီးပါးရှိပြီး အချို့လ များတွင် အ၀တ်အထည် တင်ပို့မှုမှ ရငွေ အမေရိကန် ဒေါ်လာသန်း ၉၀ နီးပါးအထိ ရှိကြောင်း ၊ ယင်းလုပ်ငန်း များမှ တစ်ဆင့် ပြည်တွင်း ဈေးကွက်၌ သာမက ပြည်ပ ဈေးကွက်သို့ တင်ပို့မှု များလည်း ရှိလာမည် ဖြစ်သဖြင့် အော်ဒါ နှင့် ဈေးကွက် ရှိပါက ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေး နှစ်တွင်လည်း အ၀တ်အထည် တင်ပို့မှုမှ ၀င်ငွေ ပိုလာနိုင်ကြောင်း သိရသည်။

ထိုကဲ့သို့ အ၀တ်အထည် တင်ပို့မှုမှ ယခုနှစ်အတွင်း ယခင် ကာလတူထက် အမေရိကန် ဒေါ်လာ ၁၈၉ သန်းကျော် ပိုမို ရရှိထားကြောင်း၊ ၄င်း တင်ပို့သော နိုင်ငံများမှာ သြစတြေးလျ ၊ ယူအေအီး ၊ ဘယ်လ်ဂျီယံ ၊ တရုတ် ၊ ဟောင်ကောင် ၊ အိန္ဒိယ ၊ အီတလီ ၊ ဂျပန် ၊ တောင်ကိုရီးယား ၊ မလေးရှား ၊ စင်ကာပူ ၊ စပိန် ၊ ထိုင်း ၊ ဗြိတိန် နှင့် အမေရိကန် နိုင်ငံတို့ ဖြစ်ကြောင်း သိရှိရသည်။

စိုးမိုး

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger