www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, July 10, 2014

မြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုအန္တရာယ် စိုးရိမ်နေရ



တောင်သာ ၊ ၁၀-၇-၂၀၁၄

တောင်သာမြို့နယ် ကန်တော် ကျေးရွာအုပ် ၊ ရဘဲ ကျေးရွာ ရှိ ရဘဲ အခြေခံပညာ အလယ်တန်း ကျောင်းခွဲ ၏ အနောက်ဘက် ပေ ၂၅၀ အကွာမှ အရှေ့ဘက်သို့ ဧရိယာ ၂၅၀x၂၅ ပေခန့် ကမ်းပါး ပြိုကျခဲ့ရာ ကျောင်းဝိုင်း၏ အနောက် မြောက်ထောင့် ခြံစည်းရုံး အတွင်းထိ အက်ကြောင်း ရာများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။

အဆိုပါ ကျေးရွာသည် ဧရာဝတီမြစ် ၏ အရှေ့ဘက်တွင် တည်ရှိပြီး နှစ်စဉ် ဧရာဝတီ မြစ်ရေကြီးချိန် ၌ အိမ်ဝိုင်း အဆောက်အအုံ များအထိ မြစ်ရေ၀င် လေ့ရှိကြောင်း ၊ လူနေအိမ်များ ၊ ဘုန်းတော် ကြီးကျောင်း ၊ ဗာဂျီးနီးယား ဆေးပေါင်းရုံ ၊ စာသင်ကျောင်း များသည် တစ်ဆက် တစ်စပ်တည်း ရှိနေသောကြောင့် ရေကြောင်း ပြောင်းလဲမှု အရ ကမ်းပါးလိုက်၍ ပျက်စီး ဆုံးရှုံး သွားမည်ကို စိုးရိမ် ပူပန်လျက် ရှိကြောင်း ဒေသခံများက ပြောပြသည်။

" ဇွန် ၊ ဇူလိုင် လတွေမှာ ရေအမြဲ တက်တယ် ၊ သောင်ထွန်း လာရင် ရေကြောင်း ပြောင်းလာတယ် ၊ တချို့နှစ် တွေမှာ မြစ်ရေက ငါးပေအမြင့် အထိ အိမ်ဝိုင်းတွေ ပေါ်ကို ရေလွှမ်းတယ် ၊ သစ်ကိုင်းတွေ ခုတ် ၊ သွပ်နန်းကြိုး နဲ့ ချည်နှောင်ပြီး ရေကာ ၊ လှိုင်းကာ လုပ်ထားရတယ် ၊ ကိုယ့်အား ကိုယ်ကိုးနဲ့ ကာကွယ် နေရပါတယ် ... " ဟု ရဘဲ အခြေခံပညာ အလယ်တန်း ကျောင်းခွဲ ၊ ကျောင်း အကျိုးတော်ဆောင် တစ်ဦးက ပြောပြသည်။

သဘာဝ ဘေးအန္တရာယ် ဖြစ်သော မြစ်ရေ တိုက်စားမှုကို ကာကွယ် တားဆီးနိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိ သူများထံ တင်ပြ ထားကြောင်း နှင့် အမြန်ဆုံး ဆောင်ရွက်ပေးရန် လိုအပ်နေကြောင်း သိရသည်။

လင်းလက်ကြယ် ( တောင်သာ )

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger