www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, July 16, 2014

စီးပွားဖြစ် ပုစွန်ဖြူမွေးမြူသည့် နေရာများအနီး၌ ဓာတ်ခွဲခန်းများ တည်ဆောက်ရန် လိုအပ်



ရန်ကုန် ၊ ၁၆-၇-၂၀၁၄

ပြည်တွင်းရှိ စီးပွားဖြစ် ပုစွန်ဖြူ မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သည့် နေရာများ၏ အနီးတ၀ိုက်တွင် ဓာတ်ခွဲခန်းများ တည်ဆောက် သွားရန် အရေးတကြီး လိုအပ်လျက် ရှိကြောင်း မြန်မာနိုင်ငံ ပုစွန် လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

မြန်မာနိုင်ငံ ၌ ဆယ်စုနှစ် တစ်ခုအကြာ မွေးမြူခြင်း မပြုလုပ် ခဲ့သော ပုစွန်ဖြူ ကို ယခုအခါ စီးပွားဖြစ် မွေးမြူ ထုတ်လုပ်မှုများ ပြုလုပ်လျက် ရှိသကဲ့သို့ ပြည်ပ ဈေးကွက် ရရှိရန် အတွက်လည်း ကြိုးပမ်းလျက် ရှိသည်။

ယခင်က ပြည်တွင်း၌ ပုစွန်ကျား များကိုသာ မွေးမြူ ထုတ်လုပ်ခဲ့သည့် သားဖောက် စခန်းများသာ ရှိခဲ့သော်လည်း ယခုအခါ ချောင်းသာ ကမ်းခြေ၌ Gold Coin ကုမ္ပဏီ နှင့် ဌာနဆိုင်ရာများ ပူးပေါင်း လုပ်ကိုင်သည့် ပုစွန်ဖြူ သားဖောက် မွေးမြူရေး စခန်းကို လုပ်ကိုင်လျက် ရှိသည်။ ယင်း သားဖောက် စခန်းမှ ထွက်ရှိသော ပုစွန်ဖြူ သားပေါက်များ ကို တစ်နိုင်ငံလုံးရှိ စီးပွားဖြစ် ပုစွန်ဖြူ မွေးမြူရေး လုပ်ကိုင် လိုသူများအား ပြန်လည် ရောင်းချ သွားမည် ဖြစ်သည်။

ပြည်ပ ဈေးကွက် အတွင်းတွင်လည်း အာရှနိုင်ငံ အသီးသီး၏ ပုစွန်ဖြူ မွေးမြူရေး စခန်းများအား ယမန်နှစ် ပုစွန်ဖြူ သားပေါက်များ အသေအပျောက် များခဲ့ခြင်းကြောင့် ပုစွန်ဖြူသည် ဈေးကွက် လိုအပ်ချက် တစ်ခုလည်း ဖြစ်လာသည်။ 

ပုစွန်ဖြူသည် တစ်ကောင် ရောဂါ ဖြစ်ပါက နာရီပိုင်း အတွင်း တစ်ကန်လုံးရှိ အခြား ပုစွန်များကိုပါ ကူးစက်၍ သေဆုံးနိုင်သည့် အတွက် မွေးမြူသူများ အနေဖြင့် အထူး ဂရုပြု ရပြီး ပုစွန်ဖြူ ကန်များ၌ ပုစွန် တစ်ကောင် သေဆုံးပါက နာရီပိုင်း အတွင်း ဓာတ်ခွဲ စမ်းသပ်နိုင်မည့် ဓာတ်ခွဲခန်း များလည်း အရေးတကြီး လိုအပ်နေပြီ ဖြစ်ကြောင်း သိရှိရသည်။

ထက်နေ

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger