www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 9, 2014

နှစ်ပေါင်း ၁၀၀ ကျော်က ပိဋကတ်တိုက် ပြန်လည်ပြုပြင် ပြီးစီး



မန္တလေး ၊ ၉-၆-၂၀၁၄

မန္တလေး ပုသိမ်ကြီးမြို့နယ် ၊ ဇီးချိုကုန်းကျေးရွာ သန္တာရုံ ကျောင်းတိုက် အတွင်း တည်ရှိသော ပိဋကတ် တိုက်ကြီးကို ပြန်လည် ပြုပြင်၍ ဇွန်လ ၅ ရက် နံနက် ၈ နာရီက ပိဋကတ် စာပေ ကျမ်းမြတ်တော်များ ပင့်ဆောင်ပူဇော်ပွဲကို ကျင်းပ ခဲ့ကြောင်း သိရသည်။

ပိဋကတ်တိုက်တွင် ထားရှိမည့် ဗုဒ္ဓကျမ်းပေစာ၊ ပုရပိုက်စာ၊ ပိဋကတ်သုံးပုံ အစရှိသည့် ပိဋကတ် များကို ဗဟိုမြို့မ စာသင်တိုက်မှ သန္တာရုံ ကျောင်းတိုက်သို့ ဝတ်အသင်းများ၊ လူမှုရေး အသင်းများ၊ ဂေါပက အဖွဲ့ဝင်များ၊ အလှူရှင် များက ခြေကျင် လျှောက်၍ ပို့ဆောင် ပူဇော်ကြသည်။

အဆိုပါ ပိဋကတ် တိုက်တော်ကြီး၏ မူလ ကုသိုလ်ရှင်မှာ နယ်ပိုင် ဝန်ထောက် ရွှေစလွယ်ရ ကျက်သရေဆောင် ( C.A.C / K.S.M ) ဘွဲ့ရ ဦးသင် ဖြစ်သည်။ ဦးသင် သည် ပုသိမ်ကြီး ဇာတိဖြစ်ပြီး မြန်မာ သက္ကရာဇ် ၁၂၇ဝ ပြည့်နှစ်တွင် အပြီး ဆောက်လုပ် လှူဒါန်း ခဲ့ကြောင်း သိရသည်။

ကျောင်းတိုက်ကြီးမှာ စစ်ဘေး စစ်ဒဏ်ကြောင့် ပျက်စီးခဲ့ရာ ယခု အခါ ဗဟိုမြို့မ စာသင်တိုက် ဦးစီး ပဓာန ဆရာတော် ဘဒ္ဒန္တအရိယဝံသ က ငွေကျပ် သိန်း ၅ဝ မတည်ကာ အလှူရှင်များ စုပေါင်း၍ ပြန်လည် ပြုပြင်ခဲ့ခြင်း ဖြစ်သည်။

ပိဋကတ် တိုက်ကြီး(ပုံ)၏ အရွယ်အစားမှာ ကျောက်သားထု နံရံ နှစ်ပေ ခြောက်လက်မ၊ အလျားပေ ၅ဝ၊ အနံ ၂၅ ပေ၊ အမြင့်ပေ ၅ဝ ရှိ နှစ်ထပ် အဆောက်အအုံ ဖြစ်သည်။ ကျောင်းတိုက်ကြီး ပြန်လည် ပြုပြင် ဆောက်လုပ်ပြီးစီးမှု အထိမ်းအမှတ် အောင်ပွဲအဖြစ် နယုန်လ ပြည့်ကျော် ၃ ရက်မှ ၅ ရက်ထိ ညစဉ် တရားပွဲများ ကျင်းပခြင်း လပြည့်ကျော် ၆ရက် (ဇွန် ၁၈ရက်) တွင် ရေစက်ချ အမျှဝေမည် ဖြစ်ကြောင်း သိရသည်။ (ဝ၉၃)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger