www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, May 15, 2014

နယ်သာလန် နိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် MERS ဗိုင်းရပ်စ်ပိုး ကူးစက်ခံရ


သဟေ့ဂ် ၊ ၁၅-၅-၂၀၁၄

အရှေ့ အလယ်ပိုင်းမှ စတင် ကူးစက် ပျံ့နှံ့ခဲ့သည့် Middle East respiratory syndrome coronavirus ( MERS-Cov ) ဗိုင်းရပ်စ်ပိုး ကူးစက်မှုသည် ယခုအခါ နယ်သာလန် နိုင်ငံတွင် ပထမဆုံး အကြိမ်အဖြစ် ကူးစက် ပျံ့နှံ့ လာပြီ ဖြစ်ကြောင်း အဆိုပါ နိုင်ငံမှ ပြည်သူ့ ကျန်းမာရေး နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာအဖွဲ့ ( RIVM ) က ပြောကြား ခဲ့သည်။

အဆိုပါ ရောဂါ ကူးစက်ခံရသူ အမျိုးသားသည် ဆော်ဒီအာရေဗျ နိုင်ငံသို့ သွားရောက် ခဲ့စဉ်အတွင်း ရောဂါကူးစက် ခံခဲ့ရခြင်း ဖြစ်ကြောင်း RIVM အဖွဲ့က မေလ ၁၃ ရက်တွင် ပြောကြား ထားပြီး အဆိုပါ အမျိုးသားမှာ ယခုအခါ  မြိုတော် သဟေ့ဂ်မြို့ ရှိ ဆေးရုံ တစ်ရုံတွင် ဆေးကုသမှု ခံယူလျက် ရှိကြောင်း သိရသည်။ အဆိုပါ အမျိုးသားသည် MERS ဗိုင်းရပ်စ်ပိုး ကူးစက် ခံရမှုကို ဆရာဝန်များက မေလ ၁၃ ရက်တွင် ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ယင်းနောက်တွင် အဆိုပါ အမျိုးသား ကို အခြားသူများ နှင့် ရောနှော ထားခြင်း မရှိဘဲ သီးသန့် ထားရှိကြောင်း ၊ ၄င်း၏ အခြေအနေမှာ ယခုအခါ စိုးရိမ်းစရာ မရှိတော့ကြောင်း ကျန်းမာရေး အာဏာပိုင် များက ပြောကြား ခဲ့သည်။ ကျန်းမာရေး အာဏာပိုင် များသည် အဆိုပါ အမျိုးသား နှင့် ထိတွေ့ ဆက်ဆံခဲ့ သူများကို စစ်ဆေးလျက် ရှိကြောင်း သိရသည်။

Middle East respiratory syndrome coronavirus ( MERS-Cov ) ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်း ခံရပါက အပြင်းဖျားခြင်း ၊ ချောင်းဆိုးခြင်း ၊ အသက်ရှူမ၀ခြင်း စသည့် လက္ခဏာရပ် များကို ခံစား ရလေ့ရှိကြောင်း ၊ ရောဂါပိုး ကူးစက် ခံရပြီးနောက် အချိန်မီ ကုသခြင်း မရှိပါက အသက် အန္တရာယ် စိုးရိမ်ရကြောင်း အထူးသဖြင့် အသက်အရွယ် ကြီးရင့် သူများတွင် သေဆုံးမှု ပိုမို များပြားကြောင်း သိရှိရသည်။ ( YGT)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger