www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 7, 2014

အရည်အချင်း ပြည့်ဝသည့် ဧည့်လမ်းညွှန်


အရည်အချင်း ပြည့်ဝသည့် ဧည့်လမ်းညွှန်

လွတ်လပ် ပွင့်လင်း မြင်သာလာမှု နှင့်အတူ နိုင်ငံအများနှင့် ကူးလူး ဆက်ဆံမှု တိုးတက်လာသည်။ နိုင်ငံတကာမှ မြန်မာနိုင်ငံ ကို စိတ်ဝင်စားသည့် ခရီးသွားတို့ အလွယ်တကူ ၀င်ထွက် သွားလာနိုင်ခြင်း နှင့်အတူ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းသည်လည်း ဖွံ့ဖြိုး တိုးတက် လာသည်။

ဖွံ့ဖြိုး တိုးတက် လာသည့် ခရီးသွား လုပ်ငန်းနှင့် အတူ ခရီးသွား ဧည့်လမ်းညွှန် လုပ်ငန်းများလည်း တိုးတက် လာသည်။ သို့သော် ခရီးသွား လုပ်ငန်း အတွက် လိုအပ်သည့် အရည်အချင်း ပြည့်မီသော ဧည့်လမ်းညွှန်များ လိုအပ်ချက်မှာ ရှိနေဆဲ ဖြစ်သည်။

ယဉ်ကျေးမှုကို ဦးတည်သော မြန်မာ့ ခရီးသွား လုပ်ငန်းတွင် မိမိတိုင်းပြည် အကြောင်း အသေးစိတ် ဂရုပြု တင်ပြ တတ်သူများ ၊ မိမိတို့ ယဉ်ကျေးမှုကို မြတ်နိုး တတ်သူများ ၊ မြန်မာ့ ဆင်ယင် ထုံးဖွဲ့မှုကို ဂုဏ်ယူတတ် သူများ ၊ မြန်မာ့ သမိုင်း ၊ မြန်မာမှု မြန်မာ့ဟန် ကို စိတ်ဝင်စား သူများဖြစ်၍ ဘာသာစကား ကျွမ်းကျင်သူ များကို မွေးထုတ် ပေးရန် လိုအပ်နေဆဲ ဖြစ်သည်။

မြန်မာ့ ခရီးသွား လုပ်ငန်းအတွက် လိုအပ်သည့် ဧည့်လမ်းညွှန်များ မွေးထုတ် ပေးနိုင်ရန် ရန်ကုန် ၊ မန္တလေး စသည့် မြို့ကြီးများ နှင့် ကျိုင်းတုံ ၊ မိုင်းလား စသည့် နယ်စပ်ဒေသ မြို့များ၌လည်း ဧည့်လမ်းညွှန် သင်တန်းများ ဖွင့်လှစ် သင်ကြား မွေးထုတ် ပေးလျက် ရှိနေသည်။

မြန်မာ့ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး တိုးတက်လာမှု နှင့်အတူ နိုင်ငံအတွက် ၀င်ငွေ နှင့် ဂုဏ်သိက္ခာ တိုးတက် လာရေးတွင် ဧည့်လမ်းညွှန် များ၏ ၀န်ဆောင်မှုသည် အဓိက အခန်းကဏ္ဍ မှ ပါဝင်နေသည်။ ဧည့်လမ်းညွှန် ကောင်းတို့ကြောင့် ခရီးသွားတို့ မြန်မာပြည် ကို အလာများ နိုင်သည်။ မြန်မာနိုင်ငံ ကို လေးစား ချစ်ခင် လာနိုင်သည်။ ထို့အတူ ဧည့်လမ်းညွှန် ညံ့များကြောင့် မြန်မာပြည် သို့ ခရီးသွားတို့ စိတ်ဝင်စားမှု နည်း၍ နိုင်ငံနှင့် လူမျိုးအပေါ် အထင်အမြင် သေးနိုင်သည်။

တိုင်းပြည် အတွက် ၀င်ငွေ ရှာဖွေ ပေးခြင်းနှင့် တိုင်းပြည်၏ ဂုဏ်သိက္ခာ မြင့်မားရေး ကို ဆောင်ရွက်နေသည့် ဧည့်လမ်းညွှန် များသည် ခရီးသွား ဧည့်သည်များကို အပြုံးဖြင့် ( Smile ) ကြိုဆို နှုတ်ဆက် ရှင်းလင်း တင်ပြခြင်း ပြုရသည်။ ပြောဆို ရှင်းပြ ( Speak ) ရာတွင်လည်း ရှင်းလင်း တိကျစွာ စိတ်ဝင်စားဖွယ် ဖြစ်အောင် ပြောဆို ကြရသည်။ ထိုသို့ ခရီးသွား ဧည့်သည်တို့ကို လမ်းညွှန် ကြရာ၌ ရှင်းလင်း ပြသ ၀န်ဆောင်ခြင်း ကို အစဉ်တစိုက် ( Stand ) ဟာကွက်မရှိ ၀န်ဆောင် ပေးကြရသည်။

ဧည့်လမ်းညွှန် တို့သည် ခရီးသွားတို့ သွားလိုရာ သိလိုရာ ကို ရှင်းလင်းပြောပြ ၀န်ဆောင်ရ သကဲ့သို့ ရာသီဥတု ၊ ရေမြေ နှင့် လိုက်လျော ညီထွေသော နားနေမှု ( SIT ) များ ခရီးသွားတို့ အတွက် စီစဉ် ပေးကြရသည်။ ဧည့်လမ်းညွှန် တို့က မိမိတို့ တိုင်းပြည် နှင့် လူမျိုး စရိုက်ကို ဖော်ပြသည့် ကိုယ်ပိုင်ဟန် ( Style ) ၀တ်စား ဆင်ယင်မှု နှင့် ထိုသို့ ၀တ်စား ဆင်ယင်ရာတွင် စနစ်ကျခြင်း ( Smart ) ရှိရန်လည်း လိုသည်။ ခရီးရှည် များတွင် ခရီးသွားတို့ စိတ်ရွှင်လန်း စေရန် သီချင်း သီဆို ဖျော်ဖြေခြင်း ( Sing ) ကိုလည်း အခါ အားလျော်စွာ ပြုကြ ရသည်။

ထိုသို့သော အရည်အချင်း များ ( 'S' System ) ပြည့်ဝစေရန် ဧည့်လမ်းညွှန်များ အနေဖြင့် ကြိုးစား ကြရသည်ဟု ခရီးသွားလာရေး ဆိုင်ရာ ပါရဂူ များက မှတ်ချက်ပြု သကဲ့သို့ မြန်မာ့ ဧည့်လမ်းညွှန်များ အနေဖြင့်လည်း မြန်မာနိုင်ငံ ကို စိတ်ဝင်စား၍ လာရောက် ကြသည့် ခရီးသွားတို့ အဆင်ပြေ နှစ်ခြိုက်မှု ရှိစေရန် ၀န်ဆောင်မှု ပေးကြရာ၌ 'S' System အပြည့်ဖြစ်ရန် ကြိုးစား သွားကြရမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger