www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, April 4, 2014

နှစ်သစ်ကူး ရုံးပိတ်ရက်ရှည်အတွင်း ဖုန်းငွေဖြည့်ကတ် တစ်သောင်းတန်ကတ် များကို အပိုဆောင်းငွေကျပ် နှစ်ထောင် ထည့်သွင်းပေးထားသည့် အစီအစဉ်ရှိ


ရန်ကုန် ၊ ၄-၄-၂၀၁၄

နှစ်သစ်ကူး ရုံးပိတ် ရက်ရှည် အတွင်း ဖုန်းငွေဖြည့် ကတ်များ ပြတ်လပ်မှု မရှိစေရေး နှင့် အပိုဆောင်း ထည့်သွင်း ထားသည့် အစီအစဉ် ဆောင်ရွက် ပေးမည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

နှစ်သစ်ကူး ရုံးပိတ်ရက်ရှည် ကာလ ဖြစ်သည့် ဧပြီ ၁၂ ရက်မှ ၂၁ ရက် အထိ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်လုပ် ဖြန့်ချိ ထားသည့် မိုဘိုင်းဖုန်း ငွေဖြည့်ကတ် ငွေကျပ် တစ်သောင်းတန် ကို ဝယ်ယူ အသုံးပြု သူများ အနေဖြင့် အပိုဆောင်းငွေ အဖြစ် နောက်ထပ် ငွေကျပ် ၂ဝဝဝ ဖိုး အခမဲ့ ပြောဆို နိုင်မည့် အစီအစဉ် ကို စတင် တော့မည် ဖြစ်သည်ဟု သိရသည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းတွင် သာမက မည်သည့် ဖုန်းငွေဖြည့်ကတ် အမျိုးအစား မဆို အပိုဆောင်းငွေ အစီအစဉ် ပါဝင်ကြောင်း လည်း သိရသည်။ ၄င်း အပိုဆောင်း ငွေကျပ် ၂ဝဝဝ အသုံးပြု နိုင်သည့် အစီအစဉ် အသေးစိတ်ကို ထပ်မံ ထုတ်ပြန် ပေးသွားမည် ဖြစ်သည် ဟုလည်း သိရသည်။ လက်ရှိတွင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၊ မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်နှင့် ပြင်ပ ပုဂ္ဂလိက ကုမ္ပဏီ ကိုးခု တို့က ဖုန်းငွေဖြည့်ကတ် များကို ဖြန့်ဖြူး ပေးလျက် ရှိသည်။ ထို့ပြင် အဆိုပါ နှစ်သစ်ကူး ရုံးပိတ်ရက်ရှည် ကာလအတွင်း ငွေဖြည့်ကတ်များ ဈေးကွက် အတွင်း မပြတ်လပ် စေရေးနှင့် ငွေဖြည့်ကတ် ဈေးနှုန်းများ မတက်စေရေး အတွက်လည်း စီမံ ဆောင်ရွက် ထားကြောင်း သိရသည်။

အဆိုပါ အပိုဆောင်း ထည့်သွင်း ထားသည့် အစီအစဉ်သည် နှစ်သစ်ကူး ပိတ်ရက်ရှည် အတွင်းသာ အသုံးဝင်ပြီး၊ အဆိုပါရက် ကျော်လွန်ပါက အပိုဆောင်းငွေ ကိုအသုံးပြုခွင့် ရမည် မဟုတ်ဟုလည်း သိရှိရသည်။ (ကျော်လွင်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger