www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, April 4, 2014

တရားထိုင်ခြင်း ၏ အကျိုးကျေးဇူးကို သိပ္ပံနည်းကျ မှတ်တမ်းတင်မည်


တရားထိုင်ခြင်း ၏ အကျိုးကျေးဇူးကို သိပ္ပံနည်းကျ မှတ်တမ်းတင်မည်

အမေရိကန် ပြည်ထောင်စု ဘော့စတွန်မြို့ ၌ ၂ဝ၁၄ ခုနှစ် ဧပြီ လ ပထမပတ် အတွင်း ကျင်းပ ပြုလုပ်မည့် စိတ်ပညာရှင်များ ညီလာခံ တွင် တရားထိုင်ခြင်း ၏ အကျိုး ကျေးဇူး ကို သိပ္ပံ နည်းပညာ နှင့် ပေါင်းစပ်ကာ စိတ်ရောဂါ ဝေဒနာရှင်များ အတွက် သိပ္ပံနည်းကျ တရားထိုင် နည်းကို ဖော်ထုတ် သွားမည် ဖြစ်ကြောင်း သိရသည်။

တရားရှုမှတ် သူများသည် ဦးနှောက် နှင့် အာရုံကြော ပိုင်းဆိုင်ရာ တည်ငြိမ် အေးချမ်းမှု ရရှိသည့် အကြောင်းရင်း နှင့် ဖြစ်စဉ်ကို ဦးနှောက်နှင့် အာရုံကြော သိပ္ပံပညာ ရှင်များက နားလည် သဘောပေါက် နိုင်ရန် ကြိုးပမ်း နေသည်မှာ အချိန်ကာလ အားဖြင့် ကြာမြင့်ပြီ ဖြစ်သော်လည်း တိကျသော အဖြေ တစ်စုံတစ်ရာ မရှိသည့် အဆုံး တရားထိုင် နေစဉ် အတွင်း ဦးနှောက် နှင့် အာရုံကြော ပြောင်းလဲမှုကို ပုံရိပ်ဖော် စူးစမ်း လေ့လာရန် အကြံရရှိ
ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့နောက် တရားထိုင် ခြင်းကြောင့် ဦးနှောက်နှင့် အာရုံကြော ပြောင်းလဲ အေးချမ်း နေချိန်တွင် သိပ္ပံနည်းကျ ကုထုံး များကိုလည်း တွဲဖက် အသုံးပြု ခြင်းဖြင့် စိတ်ဝေဒနာရှင် များကို ပို၍ ထိရောက်စွာ ကုသ နိုင်လိမ့် မည်ဟု သုတေသီ များက ယုံကြည် နေကြောင်း သိရသည်။

ထို့အတွက် သုတေသီ များက တရားထိုင် သူများ စိတ်တည်ငြိမ် အေးချမ်းမှု ပေါ်လာသည့် အချိန်တွင် ဦးနှောက် ပုံရိပ်ကို ဖမ်းယူ ကြည့်ရှုခြင်း၊ အာရုံကြော အချက်ပေး စနစ်၏ ပြောင်းလဲမှုကို စောင့်ကြည့် တိုင်းတာခြင်း တို့ကို လုပ်ဆောင်ပြီး တရားထိုင် သူများ ရရှိလေ့ ရှိသော ကျန်းမာရေး အကျိုးကျေးဇူး များကို လည်း မှတ်တမ်းပြုစု ထားပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ တွေ့ရှိချက် မှတ်တမ်းများကို Juan Santoyo ဦးဆောင်သော Brown University မှ သုတေသီ များက မက်ဆာချူးဆက် ဆေးတက္ကသိုလ်၊ စိတ်တည်ငြိမ်မှု လေ့ကျင့် ပျိုးထောင်ရေး ဌာနတွင် ကျင်းပမည့် (၁၂) ကြိမ်မြောက် နိုင်ငံတကာ ပညာရှင်များ နှီးနှောဖလှယ် ပွဲတွင် တင်ပြ သွားမည် ဖြစ်ကြောင်း သိရသည်။

၎င်းတို့က တရားထိုင် သူများ ပြောပြသော တရားထိုင်ခြင်း ၏အကျိုးကျေးဇူး များကို မှတ်တမ်း တင်ထားရှိပြီး ရုပ်ခန္ဓာ နှင့် နာမ်ခန္ဓာ တွဲဖက် ဖြစ်တည်နေမှု၊ နာမ်ခန္ဓာ နှင့် ရုပ်ခန္ဓာတို့ အပြန်အလှန် အကျိုး သက်ရောက်ပုံ တို့ကိုလည်း ဆက်လက် ရှာဖွေ သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် သိပ္ပံပညာရှင် များက တရားထိုင်စဉ် ဦးနှောက် နှင့် အာရုံကြော စနစ်ကြီး တစ်ခုလုံး ပြောင်းလဲ သွားပုံကို စိတ်ဝင်တစား လေ့လာ နေကြခြင်း ဖြစ်ပြီး များမကြာမီ စိတ်ရောဂါ ဝေဒနာရှင် များကို ကုသနိုင်မည့် သိပ္ပံနည်းကျ တရား ထိုင်နည်း တစ်မျိုးကို ဖော်ထုတ် နိုင်ရန် မျှော်လင့် နေကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger