www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 13, 2014

မြို့တော်ရန်ကုန် ရောင်စုံဓာတ်ပုံပြိုင်ပွဲတွင် ဆုရရှိသူများ စာရင်းထွက်ပေါ်



ရန်ကုန် ၊ ၁၃-၃-၂၀၁၄

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ ကြီးမှူး ကျင်းပသည့် ဒုတိယ အကြိမ်မြောက် မြို့တော်ရန်ကုန် ရောင်စုံ ဓာတ်ပုံပြိုင်ပွဲ တွင် ဆုရရှိသူများ စာရင်း ထွက်ပေါ်လာပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် စိမ်းလန်းနေသော မြို့တော်ဥယျာဉ် ကဏ္ဍဖြင့် ၀င်ရောက် ယှဉ်ပြိုင်သူ ကိုစောလှိုင်ဝင်း မှာ မြို့တော်ဝန် ပေးအပ်သည့် အထူးဆု Grand Prize ကို ရရှိသွားကြောင်း သိရသည်။

အဆိုပါ ဓာတ်ပုံပြိုင်ပွဲ တွင် မြို့တော်သား များ၏ လူနေမှု ဘ၀ကဏ္ဍ ၊ စိမ်းလန်းနေသော ဥယျာဉ်မြို့တော် ကဏ္ဍ ၊ ရန်ကုန်မြို့တော် ၏ သမိုင်းဝင် အဆောက်အအုံများ ကဏ္ဍ နှင့် ရန်ကုန်မြို့တော် ၏ ပွဲတော်များ ကဏ္ဍ ဟူ၍ ကဏ္ဍ(၄)ခု တို့ဖြင့် ပြိုင်ပွဲများကို ကျင်းပ ပေးခဲ့ရာ ပြိုင်ပွဲဝင် ဓာတ်ပုံ ပညာရှင် ၊ ၀ါသနာရှင် စုစုပေါင်း ၁၂၅ ဦးတို့က ဓာတ်ပုံပေါင်း ၉၆၈ ပုံဖြင့် ပါဝင် ယှဉ်ပြိုင်ကြပြီး ခေါင်းစဉ် နှင့် မကိုက်ညီသည့် ဓာတ်ပုံ ၁၄ ပုံအား ပြိုင်ပွဲ ကျင်းပရေး ဦးစီး ကော်မတီ ၏ ဆုံးဖြတ်ချက် အရ ပယ်ဖျက်၍ ကျန်ရှိသော ဓာတ်ပုံ ၉၅၄ ပုံအား ဓာတ်ပုံ အကဲဖြတ် ပညာရှင်ကြီး များက ရွေးချယ် ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် ဆုရရှိ သူများမှာ မြို့တော်သား များ၏ လူနေမှုဘ၀ ကဏ္ဍတွင် ပထမဆု အာကာလွန်းကျော် ၊ ဒုတိယဆု တင်အောင် (အင်းစိန်) ၊ တတိယဆု ဇော်ဇော်ထွန်း တို့က လည်းကောင်း ၊ စိမ်းလန်းနေသော ဥယျာဉ် မြို့တော် ကဏ္ဍတွင် ပထမဆု အောင်မြင့်ထွေး ၊ ဒုတိယဆု ၀င်းမြိုင် (ရွှေလင်းယုန်) ၊ တတိယဆု ဇော်ဇော်ထွန်း တို့က လည်းကောင်း ၊ ရန်ကုန်မြို့တော် ၏ သမိုင်းဝင် အဆောက်အအုံ များကဏ္ဍ တွင် ပထမဆု ဌေးဝင်း (ရမ္မာဝတီ) ၊ ဒုတိယဆု ဦးထွန်းဝေ နှင့် တတိယဆု နေလင်းဇော် (နေဥက္ကာ) တို့က လည်းကောင်း ၊ ရန်ကုန် မြို့တော်၏ ပွဲတော်များ ကဏ္ဍတွင် ပထမဆု ဇေယျာမင်း ၊ ဒုတိယဆု ဦးလူမောင် နှင့် တတိယဆု ဦးထွန်းဝေ တို့က လည်းကောင်း အသီးသီး ရရှိကြပြီး မြို့တော်ဝန် ၏ Grand Prize ဆုကို စောလှိုင်ဝင်း က ရရှိကြောင်း သိရသည်။

ယင်းကဏ္ဍ (၄)ခုတွင် ကဏ္ဍ တစ်ခုစီ၌ ပထမ ၊ ဒုတိယ ၊ တတိယ စုစုပေါင်း ၁၂ ဆု ၊ နှစ်သိမ့်ဆု ၂၁ ဆု တို့ကို လာမည့် မတ်လ ၁၉ ရက်တွင် ချီးမြှင့် သွားမည် ဖြစ်ပြီး မြို့တော်ဝန် အထူးဆု Grand Prize ကို ဆုငွေ ကျပ် ၁၅ သိန်း ၊ ပထမဆု ၇ သိန်း ၊ ဒုတိယဆု ၅ သိန်း ၊ တတိယဆု ၃ သိန်း နှင့် နှစ်သိမ့်ဆု တစ်သိန်း စသည်ဖြင့် အသီးသီး ချီးမြှင့် သွားမည် ဖြစ်ကြောင်း သိရှိရသည်။ (ဇာနည်မောင်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger