www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 21, 2014

သန်းခေါင်စာရင်း အထိမ်းအမှတ် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် ရောင်းချမည်







နေပြည်တော် ၊ ၂၁-၂-၂၀၁၄

ဆက်သွယ်ရေး နှင့် သတင်း အချက်အလက် နည်းပညာ ၀န်ကြီးဌာန ၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မှ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန ၏ သန်းခေါင် စာရင်း ကောက်ယူမှု အား ဂုဏ်ပြုသည့် အနေဖြင့် နိုင်ငံ တစ်ဝန်းလုံးရှိ အများ ပြည်သူလူထု အသုံးပြု နိုင်ရန် အတွက် သန်းခေါင် စာရင်း အထိမ်းအမှတ် အထူးထုတ် စာပို့ တံဆိပ်ခေါင်း သစ် ကျပ် ၂၀၀ တန် ၅ မျိုးကို ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၉ နာရီခွဲမှ စတင်၍ တိုင်းဒေသကြီး ၊ ပြည်နယ် ၊ ခရိုင် ၊ မြို့နယ် ဆက်သွယ်ရေး စခန်း (စာတိုက်) များ၌ ရောင်းချမည် ဖြစ်ကြောင်း သိရသည်။

အထူး အစီအစဉ် တစ်ရပ် အနေဖြင့် နေပြည်တော် စာတိုက်ကြီး ၊ ရန်ကုန် စာတိုက်ကြီး နှင့် မန္တလေး စာတိုက်ကြီး တို့တွင် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက် ၀ယ်ယူသော စာပို့ တံဆိပ်ခေါင်း များပေါ်တွင် နေ့စဉ် အမှတ်အသား တံဆိပ် ရိုက်နှိပ် ပေးမည် ဖြစ်ကြောင်း သိရှိရသည်။ (သတင်းစဉ်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger