www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 6, 2014

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် KNU ကရင် အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
KNU ကရင် အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုး 
ခေါင်းဆောင်သော အဖွဲ့အား လက်ခံ တွေ့ဆုံစဉ်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
KNU ကရင် အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုး အား
ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်

နေပြည်တော် ၊ ၆-၁-၂၀၁၄

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် KNU ကရင် အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုး ခေါင်းဆောင်သော အဖွဲ့အား ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ရှိ ဘုရင့်နောင် ရိပ်သာ ခန်းမဆောင် ၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့်အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း ၊ ရေ ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး မှ တပ်မတော် အရာရှိကြီးများ တက်ရောက် ကြပြီး KNU ကရင် အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ နှင့်အတူ အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောကွယ် ထူးဝင်း ၊ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်များ ဖြစ်ကြသည့် ပဒိုစောရောဂျာခင် ၊ ပဒိုမန်းငြိမ်းမောင် နှင့် ပဒိုစောတာဒိုမူး ၊ ဗဟို ကော်မတီဝင် များနှင့် အရန် ဗဟိုကော်မတီ ၀င်များ တက်ရောက် ကြသည်။

တွေ့ဆုံပွဲတွင် ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဆိုင်ရာ ကိစ္စရပ်များ ၊ နယ်မြေဒေသ ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ ကိစ္စရပ် များနှင့် ဒီမိုကရေစီ လမ်းစဉ် နှင့်အညီ လျှောက်လှမ်း နေမှုဆိုင်ရာ ကိစ္စရပ် များနှင့် နှစ်ဦးနှစ်ဖက် မကြာခဏ ထိတွေ့ ဆက်ဆံမှုများ ပြုလုပ်ရေး တို့အား ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေး ကြသည်။

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က KNU ကရင် အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုး နှင့် အဖွဲ့ဝင် များအား အမှတ်တရ လက်ဆောင် ပစ္စည်း ပေးအပ် ခဲ့ကြောင်း သိရှိရသည်။


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
KNU ကရင် အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုး အား
အမှတ်တရ လက်ဆောင် ပစ္စည်းပေးအပ်စဉ်


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger