www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, January 5, 2014

စည်းလုံးမှုဖြင့် ပန်းတိုင်ဆီသို့


စည်းလုံးမှုဖြင့် ပန်းတိုင်ဆီသို့

အယ်ဒီတာ့အာဘော်
( ၅-၁-၂၀၁၄ )

သက္ကရာဇ် ၂ဝ၁၃ ခုနှစ် ဟူသော နှစ်တစ်နှစ်သည် ကုန်လွန်ခဲ့ပြီး ကမ္ဘာ့ မျက်နှာစာတွင် လူ့အဖွဲ့ အစည်း အားလုံးအတွက် အကောင်းဆုံး ခံစားစံစား ကြရမည့် ၂ဝ၁၄ ခုနှစ်ဆိုသည့် နှစ်တစ်နှစ် သည်လည်း ရောက်ရှိ ခဲ့ပြီ ဖြစ်သည်။

ကုန်လွန်ခဲ့သော ၂ဝ၁၃ ခုနှစ်တွင် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ၌ နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး တို့တွင် ယခင်နှစ် များနှင့်မတူ တိုးတက် ဖြစ်ထွန်းမှု များစွာ ရှိခဲ့သည်။ အိမ်နီးချင်း နိုင်ငံများ ၊ ဒေသတွင်း နိုင်ငံများ သာမက အရှေ့ ၊ အနောက် ကမ္ဘာ့နိုင်ငံများ နှင့် ချစ်ကြည် ရင်းနှီးမှု များလည်း တိုးတက် ဖြစ်ပေါ် ခဲ့သည်ကို တွေ့ရသည်။ ကမ္ဘာ့ အလယ်တွင် မှေးမှိန် ပျောက်ကွယ် နေသော ''မြန်မာ'' သည် ထင်ရှား လာခဲ့ပြီး လူတိုင်းက အလေးထား စောင့်ကြည့် ရသည်အထိ ပေါ်လွင် လာခဲ့ခြင်းမှာ အစိုးရ၏ ပြည်သူ့ဆန္ဒ နှင့်အညီ ပြုပြင် ပြောင်းလဲမှု များကို ဆောင်ရွက် ပေးခဲ့ခြင်း ကြောင့်ဖြစ်သည်။

နိုင်ငံတော် အစိုးရသည် ခေတ်ဟောင်း စနစ်ဟောင်း မှ ခေတ်သစ် စနစ်သစ်သို့ ကူးပြောင်း ရာတွင် တွေ့ကြုံ ရလေ့ရှိသည့် စိန်ခေါ်မှုများ မည်သို့ပင် ရှိစေကာမူ ပန်းတိုင် အရောက် ချီတက်သွားမည် ဖြစ်ပါသည်။ တစ်နှစ်ပြီး တစ်နှစ် တိုးတက်မှုများ ရရှိနိုင်ရန် ကြိုးပမ်းလျက် ရှိရာတွင် ဆင်းရဲ နွမ်းပါးမှု အများဆုံး ဖြစ်နေသည့် ကျေးလက်နေ ပြည်သူများ၏ လူမှုဘဝ တိုးတက် မြင့်မားအောင် ဆင်းရဲမှု လျှော့ချရေး အတွက် ဦးစားပေး ဆောင်ရွက် နေသကဲ့သို့ တိုင်းပြည်၏ စီးပွားရေးကို ပိုမို တိုးတက်အောင် ထူထောင် နိုင်ရေးအတွက် အရင်းအနှီး နှင့် နည်းပညာများ ရရှိအောင် ပြည်တွင်း ပြည်ပမှ စီးပွားရေး လုပ်ငန်းရှင် များကို ဖိတ်ခေါ် ဆောင်ရွက်လျက် ရှိပါသည်။

ယနေ့ နိုင်ငံတော် အတွင်း မှီတင်း နေထိုင်ကြသည့် တိုင်းရင်းသား ပြည်သူ သန်း ၆ဝ ၏တူညီသော ဆန္ဒသည် တည်ငြိမ် အေးချမ်းပြီး တရားဥပဒေ စိုးမိုးသော နိုင်ငံဖြစ်ရေး နှင့် ပြည်သူလူထု ၏ လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေး ပင်ဖြစ်သည်။ ထို့အတူ နိုင်ငံတကာနှင့် ရင်ပေါင်တန်းကာ ခေတ်မီြ<ွကယ်ဝ ချမ်းသာသော ဒီမိုကရေစီ နိုင်ငံတော်ကြီး ကိုလည်း မျှော်မှန်း တည်ဆောက် နေကြသည်။ ယင်းသို့သော ပြည်သူတို့၏ဆန္ဒ ၊ မျှော်မှန်းချက်များ ကို နိုင်ငံတော် အစိုးရက ပြည်သူ ဗဟိုပြု၍ ဦးဆောင် အကောင် အထည်ဖော် လျက်ရှိသည်။

ဤကဲ့သို့ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်ကြီး အဖြစ် တည်ဆောက် ရာတွင် တိုင်းရင်းသား ပြည်သူအားလုံး ၏ စည်းလုံး ညီညွတ်မှု ၊ ပူးပေါင်း ပါဝင်မှုတို့ လိုအပ်သည်။ ပြည်ထောင်စု လှေကြီးကို ပြည်သူများ ကိုယ်တိုင် ရွေးချယ် တင်မြှောက် ခဲ့သော ပြည်သူ့ အစိုးရ၏ ပဲ့ကိုင်မှုဖြင့် အားလုံး ပါဝင်၍ အားသွန် ခွန်စိုက် ကြိုးစား လှော်ခတ် ရမည် ဖြစ်သည်။ ပြည်ထောင်စုသား တိုင်းရင်းသား တစ်ဦးချင်း ၊ တစ်ယောက်ချင်း စီမှစတင်ကာ လက်တွဲ လုပ်ဆောင်မည် ဆိုပါက နိုင်ငံတော်သစ် အတွက် ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်ချက် များတွင် ကြုံတွေ့ လာမည့် စိန်ခေါ်မှု အတားအဆီး အခက်အခဲ များကို ရင်ဆိုင် ကျော်လွှား နိုင်မည်ဖြစ်ပြီး မျှော်မှန်းသော ပန်းတိုင်ကို ရောက်ရှိမည် ဖြစ်ပါကြောင်းတင်ပြ လိုက်ရပါသည်။    ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger