www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 15, 2014

ဖိုလ်ဝင်တောင်ရှိ နံရံဆေးရေးပန်းချီများ သံကွန်ခြာအုပ် ထိန်းသိမ်းမည်




မုံရွာ ၊ ၁၅-၁-၂၀၁၄

ယင်းမာပင် မြို့နယ် ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ ဖြစ်သော ဖိုလ်ဝင်တောင် ဒေသရှိ ကျောက်လှိုဏ် အတွင်းနံရံ ဆေးရေး ပန်ချီးများကို ရေရှည် တည်တံခိုင်မြဲ ရန်အတွက် ဖေဖေါ်ဝါရီလ တွင် သံကွန်ခြာများ ဖြင့်အုပ်၍ ထိန်းသိမ်းမှုများ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ထိန်းသိမ်းမှု ပြုလုပ်မည့် နံရံဆေးရေး ပန်ချီ၊မင်စာများ ကို ဖိုလ်ဝင်တောင်ရှိ သဘာဝဂူ ၊ လူ တို့မှအတန်ငယ် ပြုပြင်ထားသော ဂူနှင့် လူတို့ ဖန်တီး ထွင်းထုထားသော ဂူဟူ၍ လှိုဏ်ဂူသုံးမျိုး ရှိရာ နံရံကို ပြေပြစ်အောင် ပြုလုပ်ပြီး နံရံပန်းချီများ ရေးဆွဲခဲ့ခြင်း  ဖြစ်သည်။ နံရံမင်စာ များတွင် အစောဆုံး တွေ့ရသော နံရံဆေးရေး ပန်ချီများကို မြင့်မိုရ်တောင်ဂူ ၏ အနောက်ဂူ တွင်တွေ့ရပြီး ညောင်ရမ်းခေတ် နောက်ပိုင်း တနင်္ဂနွေမင်း ခန့် ဖြစ်ကြောင်း ခန့်မှန်း ကြသည်။ နံရံဆေးရေး ရုပ်ပုံများကို ရေးဆွဲရာတွင် အောက်ခံ မျဉ်းများကို ပထမ ရေးဆွဲလျှက် ကောက်ကြောင်းဖြင့် ပုံဖော်ကာ နောက်မှ ဆေးဖြည့် ရေးဆွဲခြင်း ဖြစ်ကာ ဆေးအရောင်ကို နီညိုရောင် အဖြူရောင် ၊ အဝါရင့်ရောင် နှင့် အစိမ်းရောင် တို့အသုံးများပြီး ညောင်ရမ်းခေတ် ၊ ကုန်းဘောင်ခေတ် နှင့် ကိုလိုနီခေတ် စသော ခေတ်သုံးခေတ် ၏ အနုပညာ ၊ ပန်းချီ ၊ ပန်းပု ၊ဗိသုကာ လက်ရာများ နှင့် အနုပညာရှင် များ၏ ဆန်းကြယ်သော စိတ်ကူး ၊ အံ့သြဖွယ် အဆောက်အဦး ပညာတို့သည် အများ ပြည်သူကို စိတ်ဝင်စားဖွယ် ဖြစ်ဆဲဖြစ်၍ အဆိုပါ ရှေးဟောင်း လက်ရာများ ရေရှည် တည်တံ့စေရေး အတွက် ထန်းသိမ်း ဆောင်ရွက် ရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖိုလ်ဝင်တောင်တွင် ညောင်ရမ်းခေတ် လက်ရာများကို ခြင်္သေ့ (၄)ကောင်ဂူ နှင့် ကွန်းစင်တိုင် မြောက်ဘက် ကပ်လျက်ဂူများ ၊ ကုန်းဘောင်ခေတ် နံရံပန်ချီကား များကို မိဖုရားဂူ ၊ ဝင်္ဂဘာဂူ ၊ နှစ်ကျိတ်ရှစ်ဆူဂူ ၊ လျောင်းတော်မူ ဘုရားနှင့် ကျောက်စေတီ နှစ်ဆူအောက်ဂူ ၊ ကိုလိုနီခေတ် အစောဆုံး နံရံဆေးရေး ပန်းချီကို ဇိနမာန်အောင် ဘုရားလှိုင်ဂူ တို့တွင် လေ့လာ နိုင်ပြီး ဗုဒ္ဓုပ္ပတ္တိ နှင့် ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တော် များနှင့် လောကီသား တို့၏ ဘဝဓလေ့ကို ဖော်ပြသော ပုံများနှင့် ခေတ်ကြေမုံကို သိရသော ပုံများလည်း ရေးဆွဲ ထားရှိကြောင်း သိရှိရသည်။



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger