www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, December 22, 2013

Qader အမျိုးအစား ဝေဟင်မှဝေဟင်ပစ် ဒုံးကျည်များ အီရန်စမ်းသပ်ပစ်လွှတ်



တီဟီရန် ၊ ၂၂-၁၂-၂၀၁၃

အီရန်စစ်ဘက်မှ ဂျက် တိုက်လေယာဉ် များသည် Qader အမျိုးအစား ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည် များကို ဒီဇင်ဘာ ၂၁ ရက်တွင် ပါရှန် ပင်လယ်ကွေ့ ဒေသ၌ ပြုလုပ်ခဲ့သော စစ်ရေး လေ့ကျင့်ခန်း ၌ အောင်မြင်စွာ စမ်းသပ် ပစ်ခတ် နိုင်ခဲ့ကြောင်း ယနေ့တွင် ဆင်ဟွာ သတင်းတစ်ရပ် အရ သိရသည်။ 

အဆိုပါ ဒုံးကျည်များကို အမျိုးမျိုးသော တိုက်လေယာဉ် များပေါ်တွင် တပ်ဆင်၍ အောင်မြင်စွာ စမ်းသပ် ပစ်ခတ် နိုင်ခဲ့ကြောင်း အီရန် စစ်ဘက် ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် Hossein Chitforoush က ထုတ်ဖော် ပြောကြား ခဲ့သည်။ 

အဆိုပါ ဒုံးကျည်သည် အကွာအဝေး ၂ဝဝ ကီလိုမီတာ (၁၂၄ မိုင်) အထိ ရောက်ရှိ ပစ်ခတ် နိုင်ကြောင်း ၊ ဒီဇင်ဘာ ၂ဝ ရက်နေ့မှ စတင် ပြုလုပ်ခဲ့သော စစ်ရေး လေ့ကျင့်ခန်း ၏ အဓိက  အစီအစဉ် သည် တပ်ဖြန့် ချထားမှု နှင့် Qader နှင့် Noor အမျိုးအစား ဒုံးကျည်များ စမ်းသပ် ပစ်ခတ်မှု ဖြစ်ကြောင်း အီရန် စစ်ဘက် တာဝန်ရှိသူ တစ်ဦး ကလည်း ထုတ်ဖော် ပြောကြား ခဲ့သည်။ ထို့အပြင် Noor အမျိုးအစား ဒုံးကျည်များကို ကုန်းတွင်း အခြေစိုက် စခန်းများမှ လည်းကောင်း ၊ စစ်သင်္ဘော များမှ လည်းကောင်း ၊ ရဟတ်ယာဉ် များမှ လည်းကောင်း ပစ်ခတ်နိုင်ပြီး တန်ချိန် ၃ဝဝဝ ရှိ စစ်သင်္ဘော များကို ဖျက်ဆီး နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger