www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 12, 2013

နေရောင်ခြည်စွမ်းအင်သုံး Solar မီးအိမ်များ စာသင်ကျောင်းများသို့ လှူဒါန်းပွဲကျင်းပ



တောင်ကြီး ၊ ၁၂-၁၂-၂ဝ၁၃

နယ်စပ်ရေးရာ ဝန်ကြီးဌာန ၊ နယ်စပ်ဒေသ နှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန နှင့် ဂျပန်နိုင်ငံ အခြေစိုက် နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်း တစ်ခုဖြစ်သည့် နီပွန် ဖော်ရေးရှင်း တို့ ပူးပေါင်း၍ စေတနာ့ အဖွဲ့မှ အကောင် အထည်ဖော် ဆောက်လုပ် ပြီးစီးသော ကျောင်းများတွင် Panasonic Company မှ Panasonic အမျိုးအစား Solar မီးအိမ်များ လှူဒါန်းပွဲ အခမ်းအနား ကို ယမန်နေ့ နေ့လယ် ၁၁ နာရီက တောင်ကြီးမြို့နယ် ၊ ကျောက်နီ ကျေးရွာအုပ်စု ၊ သရက်ပင်လှ ကျေးရွာ ၊ တွဲဘက် အလယ်တန်းကျောင်း ၊ ကံ့ကော်ဆောင် ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ် ၊ နယ်စပ်ဒေသ နှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုးယုလွင် က အဖွင့် အမှာစကား ပြောကြားသည် ။



ထို့နောက် ဂျပန်နိုင်ငံ Deputy Director, Panasonic Siew Sales Co., Ltd မှ Mr. Nobuto Nakanishi က နေရောင်ခြည် စွမ်းအင်သုံး Solar မီးအိမ် လှူဒါန်း ရခြင်း နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည် ။ ထို့နောက် ဂျပန်နိုင်ငံ Senior Co-ordinaton, Automotive Industrial Systems Company, Panasonic Corporation  မှ Ms, Kazuyo Suetsugu က Panasonic ဓာတ်ခဲ အသုံးပြုမှု နှင့် ပြုလုပ်ပုံ ပြုလုပ်နည်း ကို စာတွေ့နှင့် လက်တွေ့ ရှင်းလင်း ပြသခဲ့ပြီး Mr. Nobuto Nakanishi မှ သရက်ပင်လှ ကျေးရွာ တွဲဘက် အလယ်တန်း ကျောင်းအတွက်  Solar မီးအိမ် (၁၈)လုံး ကို ပေးအပ် လှူဒါန်းရာ ကျောင်းအုပ် ဆရာကြီး နှင့် ကျောင်းအကျိုး တော်ဆောင် ကော်မတီ တို့က လက်ခံ ရယူသည် ။ ထို့နောက် ကျောင်းအုပ် ဆရာကြီးက ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည် ပေးအပ်ပြီး ကျေးဇူတင် စကား ပြန်လည် ပြောကြားကာ ကျောင်းသူ ကျောင်းသား များအား ဓာတ်ခဲနှင့် အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ် ခဲ့သည် ။ 

အဆိုပါ အဖွဲ့ဝင် များသည် တောင်ကြီးမြို့နယ် စေတနာ့ အဖွဲ့မှ ဆောက်လုပ် ပြီးစီးသော ကျောင်းများမှ လျှပ်စစ်မီး မရရှိသော ဒေသရှိ နမ်းဟောင်း ၊ မွေတော်ကျေးရွာ အုပ်စု ၊ ဘဏ်ခွဲ တွဲဘက် အလယ်တန်းကျောင်း ၊ နောင်ပယ် ၊ တွဲဘက် အလယ်တန်း ကျောင်းနှင့် တောင်ကြီးမြို့နယ် ၊ မိုင်းသော့အရှေ့ ကျေးရွာအုပ်စု ၊ ကုန်းညွှန့် မူလတန်း လွန်ကျောင်း ၊ ဆယ်ကြီးပန်းတော ၊ မူလတန်း လွန်ကျောင်း တို့ကို နေရောင်ခြည် စွမ်းအင်သုံး Solar မီးအိမ်များ ဆက်လက် လှူဒါန်း သွားမည် ဖြစ်ကြောင် သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger