www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, November 3, 2013

ထောင်စုနှစ်သစ် မြန်မာနိုင်ငံ ရွေးကောက်ပွဲများ


ထောင်စုနှစ်သစ် မြန်မာနိုင်ငံ ရွေးကောက်ပွဲများ

အယ်ဒီတာ့အာဘော်
( ၃-၁၁-၂၀၁၃ )

ထောင်စုနှစ်သစ် မြန်မာနိုင်ငံ  ဒီမိုကရေစီ သမိုင်းတွင် ၂ဝ၁ဝ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်က ကျင်းပခဲ့သော ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ သည် ထူးခြားမှု တစ်ခု ဖြစ်သည်။ ပြည်သူ့ လွှတ်တော်တွင် သတ်မှတ်မဲ ဆန္ဒနယ် ၃၃ဝ အနက် ၃၂၅ နယ်၌သာ ရွေးကောက်ပွဲ ကျင်းပ နိုင်ခဲ့ပြီး အမျိုးသား လွှတ်တော် မဲဆန္ဒနယ် ၁၆၈ နယ်၌ အားလုံး ကျင်းပ နိုင်ခဲ့သည်။

ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကြီးတွင် မဲဆန္ဒ နယ်ပေါင်း ၁၁၆၃ နယ်အတွက် နိုင်ငံရေး ပါတီ ၃၇ ပါတီ ပါဝင် ယှဉ်ပြိုင်ခဲ့ ကြသည်။ လွှတ်တော် အသီးသီး အတွက် ကိုယ်စားလှယ် လောင်း ၃ဝ၅၉ ဦးတို့သည် ပါတီ ကိုယ်စားပြု ဝင်ရောက် အရွေးချယ် ခံကြ၍ တစ်သီး ပုဂ္ဂလ အဖြစ် ၈၂ ဦး ဝင်ရောက် ရွေးချယ်ခံ ခဲ့ကြသည်။ ပါတီ ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ် များနှင့် တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ် များသည် မဲဆန္ဒရှင် များအား မီဒီယာ များမှတစ်ဆင့် စည်းရုံး ဟောပြောခွင့် ရခဲ့သည့် နည်းတူ ကိုယ်တိုင် တစ်အိမ် တက်ဆင်း စည်းရုံးရေး ဆင်းခွင့် ရရှိခဲ့ ကြသည်။

ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပသည့် နေ့တွင် မဲဆန္ဒနယ် ၁၈ နယ်၌ မြန်မာနိုင်ငံ ဆိုင်ရာ နိုင်ငံခြား သံအမတ်ကြီးများ ၊ သံရုံး ယာယီ တာဝန်ခံများ နှင့် တာဝန်ရှိ သူများ ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း များမှ ဌာနေ ကိုယ်စားလှယ်များ ၊ မြန်မာနိုင်ငံ နိုင်ငံခြားရေး သတင်းထောက် များမှ အသင်းဝင် သတင်းထောက် များ ၊ ပြည်တွင်း စာနယ်ဇင်း များမှ စာတည်းများ နှင့် သတင်းထောက် များအား လေ့လာ ကြည့်ရှု နိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က စီစဉ် ပေးခဲ့သည်။ ၂ဝ၁၂ ခုနှစ် ဧပြီ ၁ ရက်တွင် ကျင်းပခဲ့သော ကြားဖြတ် ရွေးကောက်ပွဲ တွင်လည်း လွတ်လပ်၍ တရား မျှတသော ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပေး ခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးအား National Endowment for Democracy (NED) ၏ ဥက္ကဋ္ဌ Mr. Carl Gershman ဦးဆောင်သည့် အဖွဲ့သည် အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်း တွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌရုံး ဧည့်ခန်းမ ဆောင်၌ လာရောက် တွေ့ဆုံ ခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ လက်ရှိ ဆောင်ရွက် နေမှု အခြေအနေ များနှင့် ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းစဉ်များ ဖွံ့ဖြိုး တိုးတက် အောင်မြင်အောင် ဆောင်ရွက် နေမှုများ ၊ ၂ဝ၁၅ ခုနှစ် တွင်ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အား လွတ်လပ်၍ တရားမျှတ သော ရွေးကောက်ပွဲ အဖြစ်ကျင်းပ နိုင်ရေးအတွက် ကြိုတင် ပြင်ဆင် ဆောင်ရွက် နေမှုများကို ဆွေးနွေးခဲ့ ကြသည်။

ထို့အပြင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ တာဝန်ရှိ သူများသည် အခြား နိုင်ငံ ရွေးကောက်ပွဲ များသို့ သွားရောက် လေ့လာမှု အခြေအနေများ ၊ နိုင်ငံတကာ ရွေးကောက်ပွဲ ဆိုင်ရာ အတွေ့အကြုံ များကို ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ ကြသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် သည် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ကိုလည်း ဥပဒေနှင့် အညီ နည်းလမ်းတကျ ခွင့်ပြု ပေးလျက် ရှိရာ ၂ဝ၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး တွင် မဲဆန္ဒနယ် အပြည့် ကျင်းပနိုင်ရေး တိုင်းရင်းသား ပြည်သူအပေါင်း တို့က ဝိုင်းဝန်း ကြိုးပမ်း ကြပါရန် တိုက်တွန်း နှိုးဆော်လိုက် ရပါသည်။  ။နည်းပညာတက္ကသိုလ် 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger