www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, November 3, 2013

လွတ်ငြိမ်း ချမ်းသာခွင့် ဥပဒေကြမ်း ဆန့်ကျင် ဆန္ဒပြမှုများ ပိုမိုဖြစ်ပွား လာနိုင်သည့် အတွက် ထိုင်းမြို့တော် ရဲတပ်ဖွဲ့ဝင်များ အနီးကပ် စောင့်ကြည့် ထိန်းသိမ်း လျက်ရှိ


လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကြမ်း တစ်ရပ်ကို ဆန့်ကျင်ဆန္ဒပြမှုများ
ထိုင်းနိုင်ငံတွင် ဖြစ်ပွားလျက်ရှိ

ဘန်ကောက် ၊ ၃-၁၁-၂ဝ၁၃

ထိုင်းနိုင်ငံ မြို့တော် ရဲတပ်ဖွဲ့ဝင် များသည် လွတ်ငြိမ်း ချမ်းသာခွင့် ဥပဒေကြမ်း တစ်ရပ်ကို ဆန့်ကျင်ရေး အတိုက်အခံ ဒီမိုကရက် ပါတီဝင်များ ဆန္ဒပြမှု ပြုလုပ် နေသည့် ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်ရှိ Samsen ဘူတာရုံ၌ ယခုရက် သတ္တပတ် အကုန်တွင် ဆန္ဒပြမှုများ ပိုမို တိုးမြင့် ဖြစ်ပွား လာနိုင်သည့် အတွက် အနီးကပ် စောင့်ကြည့် ထိန်းသိမ်း မှုများ ပြုလုပ်လျက် ရှိကြောင်း နိုဝင်ဘာ ၃ ရက် အင်တာနက်သတင်း တစ်ရပ်အရ သိရသည်။

ဆန္ဒပြ နယ်မြေအတွင်း ဝင်ရောက် လာသော လူနှင့်ယာဉ် များတွင် လက်နက်နှင့် အခြားသော တရားမဝင် ပစ္စည်းများ ယူဆောင် လာခြင်းရှိ ၊ မရှိ ရှာဖွေရန် စစ်ဆေးရေး ဂိတ်များ ချထားပြီး ဖြစ်ကြောင်း နိုဝင်ဘာ ၂ ရက်တွင် ရဲတပ်ဖွဲ့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ဌာနချုပ် ပြောရေးဆိုခွင့် ရှိသူ Piya Uthayo က ပြောကြား ခဲ့သည်။

Uruphong လမ်းဆုံတွင် ယာဉ်များ သွားလာနိုင်ရန် အတွက် ဆန္ဒပြမှုများ ဖယ်ရှားပေးရန် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများ အတွက် ဦးဆောင် လှုံ့ဆော်သူ များကို နိုဝင်ဘာ ၃ ရက် ညပိုင်းတွင် ရဲတပ်ဖွဲ့က တောင်းဆို ခဲ့သော်လည်း ထိုင်းနိုင်ငံ ပြုပြင် ပြောင်းလဲရေး ဆိုင်ရာ ကျောင်းသားများ နှင့် ပြည်သူများ အဖွဲ့ ( NSPRT ) ခေါင်းဆောင် များက ဖယ်ရှား ပေးရန် ငြင်းဆို ခဲ့ကြသော ကြောင့် ရဲတပ်ဖွဲ့ အနေဖြင့် ၄င်းတို့ကို ဖမ်းဆီးရန် ခွင့်ပြုမိန့်များ ရရှိရေး ကြိုးပမ်း သွားရန် သက်သေ အထောက်အထား များ ရယူ သွားမည် ဖြစ်ကြောင်း ရဲဗိုလ်ချုပ် Piya က ပြောကြား ခဲ့သည်။

သို့ရာတွင် ရဲတပ်ဖွဲ့ အနေဖြင့် Uruphong လမ်းဆုံရှိ ဆန္ဒပြသူများ ကို လူစုခွဲ ရာတွင် အင်အားသုံးရန် အစီအစဉ် မရှိကြောင်း ၊ ငြိမ်းချမ်းရေး နှင့် တရားဥပဒေ စိုးမိုးရေး အတွက် ဆန္ဒပြမှု ဖြစ်ပွားရာ နေရာနှင့် အနီးတစ်ဝိုက် တွင် ရဲတပ်ခွဲ ၄၄ ခွဲ တပ်ဖြန့် ချထားပြီး ဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြား ခဲ့သည်။ 


နိုဝင်ဘာ ၂ ရက် ဆန္ဒပြမှုတွင် ပြည်သူ ၅ဝ,ဝဝဝ ခန့်ပါဝင်သည် ဟု အတိုက်အခံ ဒီမိုကရက်ပါတီ က ပြောကြား ခဲ့သော်လည်း မြို့တော် ရဲတပ်ဖွဲ့ကမူ ၈ဝဝဝ အောက်သာ ရှိကြောင်း ပြောကြား ခဲ့သည်။ လွတ်ငြိမ်း ချမ်းသာခွင့် ဥပဒေ ဆန့်ကျင်ရေး ဆန္ဒပြမှုများ ကို Loei  ၊ Khon Kaen  ၊ Nakhon Si Thammarat ၊ Satun ၊ Trang နှင့် Phatthalung အပါအဝင် ပြည်နယ် အချို့ရှိ ပြည်နယ် ခန်းမများ ရှေ့တွင် ပြုလုပ်လျက် ရှိသည်။ မြို့တော် ရဲတပ်ဖွဲ့ သည် အဆိုပါ ဆန္ဒပြသူ များကို ပြည်နယ် ခန်းမများ အဝန်းအဝိုင်း အတွင်းသို့ ဝင်ရောက် လာခြင်း မပြုလုပ် ကြရန် မေတ္တာရပ်ခံ ထားကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger