www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 21, 2013

(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲကို ကြိုဆိုဂုတ်ပြုသော အားဖြင့် တစ်ကိုယ်တော် စက်ဘီးစီး၍ ကျိုင်းတုံမြို့သို့ ရောက်ရှိ



ကျိုင်းတုံ ၊ ၂၁-၁၁-၂ဝ၁၃

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ခရိုင် အားကစားကွင်း သို့ အသက် ၆၆ နှစ် ဦးအေးကြူ သတ္တုတွင်း ဝန်ကြီးဌာန (ငြိမ်း)သည် (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ ဆီးဂိမ်း ပြိုင်ပွဲကို ကြိုဆို ဂုတ်ပြုသော အားဖြင့် တစ်ကိုယ်တော် စက်ဘီးစီး ၍ မန္တလေးတိုင်း ဒေသကြီး မှ နိုဝင်ဘာ ၃ ရက် နေ့မှ စတင် ထွက်ခွာ လာရာ ကျိုင်းတုံမြို့  ခရိုင် အားကစားကွင်း သို့ နိုဝင်ဘာ ၁၉ ရက်နေ့ ညနေ ၄ နာရီ ၄ဝ မိနစ် အချိန်က ရောက်ရှိ ခဲ့ကြောင်း သိရသည်။

အဆိုပါ ဦးအေးကြူ သည် ခရိုင် အားကစားကွင်း ၌ ခေတ္တ ရပ်နားစဉ် ယခုလို စက်ဘီးစီးပြီး သွားရတာ ဘယ်လို ရည်ရွယ်ချက် ဖြင့် စီးနင်း ခဲ့ကြောင်း မေးမြန်းခဲ့ရာ ဦးအေးကြူ မှ အရှေ့တောင် အာရှ ဆီးဂိမ်းပြိုင်ကို ကြိုဆို ဂုဏ်ပြုရင်း မျိုးဆက်သစ် စက်ဘီးစီး အားကစား သမားများ ပေါ်ထွန်း လာစေရန် ရည်ရွယ် ခဲ့ကြောင်း ပြောကြား ခဲ့သည်။


၎င်း ဦးအေးကြူသည် ကျိုင်းတုံမြို့ ဟိုတယ်ဟောင်း ၌ တစ်ညတာ အိပ်စက် အနားယူပြီး နိုဝင်ဘာ ၂ဝ ရက်နေ့ နံနက် ၈ နာရီ အချိန်က ကျိုင်းတုံ မှ မိုင်းလားမြို့ သို့ ဆက်လက် ထွက်ခွာ သွားကြောင်း သိရှိရသည်။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger