www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 22, 2013

မူးယစ်ဆေးဝါး ချက်လုပ်သော စခန်းပုန်းအား လက်နက် ခဲယမ်းများနှင့်အတူ ဖော်ထုတ် သိမ်းဆည်းရမိ


သိမ်းဆည်းရမိသော လက်နက် ခဲယမ်းများနှင့်
မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများအားတွေ့ရစဉ်

နေပြည်တော် ၊ ၂၂-၁၁-၂၀၁၃

ကွတ်ခိုင်မြို့နယ် ၊ မုံးစီးဒေသ အတွင်း နယ်မြေခံ ပြည်သူများ၏ သတင်းပေး ချက်အရ နိုဝင်ဘာ ၁၉ ရက်မှ စတင်၍ နယ်မြေခံ တပ်မှ လုံခြုံရေး တပ်ဖွဲ့ဝင် များနှင့် မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ဌာနမှ ရဲတပ်ဖွဲ့ဝင် များ ပါဝင်သည့် ပူးပေါင်း အဖွဲ့သည် နယ်မြေ ရှင်းလင်းခြင်း ဆောင်ရွက်ရာ နိုဝင်ဘာ ၂၀ ရက် နေ့လယ် ချိန်တွင် မုံးစီးကျေးရွာ အရှေ့တောင် ဘက် ၅ မိုင်ခန့် အကွာ ၊ ခန့်မှန်း မြေပုံညွှန်း ( MG- ၄၀၅၁၃၇ ) တွင် အဖွဲ့ ( စိစစ်ဆဲ ) အင်အား ၁၀ ဦးခန့် နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ၄င်း အဖွဲ့များသည် နေရာ အသီးသီးသို့ ဖြန့်ခွဲ ဆုတ်ခွာ သွားခဲ့သည်။

သိမ်းဆည်းရမိသော လက်နက် ခဲယမ်းများနှင့်
မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများအားတွေ့ရစဉ်


ဆက်လက်၍ မုံးစီးကျေးရွာ အရှေ့ဘက် ၃ မိုင်ခန့် ခန့်မှန်း မြေပုံညွှန်း ( MG - ၃၈၉၂၅၉ ) နေရာသို့ ရောက်ရှိ အသေးစိတ် ရှင်းလင်း ဆောင်ရွက် ခဲ့ရာ ညနေ ၆ နာရီခန့် တွင် ပူးပေါင်း အဖွဲ့သည် မူးယစ် ဆေးဝါး ချက်လုပ်သည် ဟု ယူဆရသော စခန်းပုန်း တစ်ခုအား တွေ့ရှိသဖြင့် စနစ်တကျ ရှင်းလင်း ဖော်ထုတ် ခဲ့ရာ လူ ၁၁ ဦးအား အရှင် ဖမ်းဆီး ရမိ ခဲ့ပြီး အသေးစိတ် ရှင်းလင်း ခဲ့ရာ နှစ်ထပ်တိုက် အဆောက်အအုံ တစ်လုံး ၊ တစ်ထပ်တိုက် အဆောက်အအုံ တစ်လုံး ၊ သွပ်မိုး ထရံကာ လူနေ အဆောက်အအုံ တစ်လုံး ၊ သွပ်မိုး ထမင်းချက် ဆောင် တစ်လုံး ၊ လူနေ တန်းလျား ယာယီ အဆောက်အအုံ တစ်လုံး တို့အား တွေ့ရှိပြီး ၄င်း အဆောက်အအုံ များအတွင်းမှ လက်နက်ငယ် မျိုးစုံ ၂၂ လက် ၊ ခဲယမ်း မျိုးစုံ ၈၉၇ တောင့် ၊ လက်ပစ်ဗုံး ၁၃ လုံး ၊ ဗုံးသီး ၂ လုံး ၊ ကျည်အိမ် မျိုးစုံ ၁၉ ခု ၊ ညကြည့် မှန်ပြောင်း တစ်ခု ၊ အသံတိတ် ကိရိယာ တစ်ခု ၊ စနိုက်ပါ မှန်ပြောင်း တစ်ခု ၊ မူးယစ် ဆေးဝါးများ ဖြစ်သည့် ဘိန်းဖြူ ၆ ဒသမ ၃ ကီလိုဂရမ် ၊ ဘိန်းညို ၁၂ ဒသမ ၇ ကီလိုဂရမ် ၊ ဘိန်းစိမ်း သုည ဒသမ ၈ ကီလိုဂရမ် ၊ ဘိန်းဆီခဲ ၃ ဒသမ ၁ ကီလိုဂရမ် ၊ ဆေးပြားရိုက် ရန် ဖော်စပ် ထားသော အညိုရောင် မှုန့် ၄ ဒသမ ၅ ကီလိုဂရမ် ၊ စိတ်ကြွဆေးပြား ၇၂၀၀ ပြား ၊ မူးယစ် ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်း များနှင့် ယာဉ်ငယ် တစ်စီး တို့အား သိမ်းဆည်း ရမိ ခဲ့ပြီး ဖမ်းဆီးရမိ မူးယစ်ဆေးဝါး များ၏ စုစုပေါင်း တန်ဖိုးမှာ ၂၂၇ ဒသမ ၁ သန်း ခန့် ဖြစ်ကြောင်း နှင့် ဖမ်းဆီး ရမိသူများ နှင့် ပတ်သက်၍ ဆက်လက် ဖော်ထုတ် စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။ (၁၀၀)



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger