www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 18, 2013

တောင်ကြီး တန်ဆောင်တိုင် လပြည့်ည မီးပဒေသာ လှည့်လည် ပူဇော်ပွဲကျင်းပ



တောင်ကြီး ၊ ၁၈-၁၁-၂ဝ၁၃

ရှမ်းပြည်နယ် ၊ တောင်ကြီး တန်ဆောင်တိုင် မီးပဒေသာ ပွဲတော် အား နိုဝင်ဘာ ၁၇ ရက် ၊ ညနေ  ၆ နာရီက တန်ဆောင်မုန်း လပြည့်ည နှစ်စဉ် ရိုးရာမပျက် တောင်ကြီး မြို့ပေါ် ရပ်ကွက်ပေါင်းစုံ မှ စည်းလုံး ညီညွတ်မှု များကို ရှေ့ရှုကာ ရပ်ကွက်နေ တိုင်းရင်းသား ပြည်သူများက မီးပဒေသာပင် များကို ဝါးများဖြင့် ယက်လုပ်ကာ ဘုရားပုံတော် အမျိုးမျိုး ၊ စောင်းတန်းပုံများ ၊ ပိဋိကတိုက်ပုံ ၊ ကြာကလပ်ပုံ ၊ စူဠာမုနိ စေတီပုံ စသည် တို့ကို ပုံစံ အမျိုးမျိုးဖြင့် စုပေါင်း ပြုလုပ်ကြပြီး လပြည့်ည ၆ နာရီမှ တောင်ကြီးမြို့ အတုလ မာရဇိန် ဆုတောင်းပြည့် ဓမ္မာရုံကြီးမှ  သစ်တော ရပ်ကွက်ရှိ စူဠာမုနိ လောကချမ်းသာ ဘုရားကြီး ရင်ပြင်အထိ စည်ကား သိုက်မြိုက်စွာ လှည့်လည် ပူဇော် ကြသည် ။

အဆိုပါ မီးပဒေသာ လှည့်လည် ပူဇော်ပွဲမှာ ရပ်ကွက် ၂၂ ရပ်ကွက် ကို (၇)ဖွဲ့ ဖွဲ့ပြီး လှည့်လည် ပူဇော် ကြသည်။ အဆိုပါ မီးပဒေသာ လှည့်လည် ရာတွင် လမ်းဘေး ဝဲယာ တိုင်းရင်းသား ပြည်သူများ စည်ကား သိုက်မြိုက်စွာ ကြည့်ရှု ဖူးမျှော်ကြပြီး တန်ဆောင်တိုင် အလှမယ် များက ရပ်ကွက် ကိုယ်စားပြု မီးပဒေသာ အဖွဲ့များ တွင် ရှေ့ဆောင်၍ မီးအလှများ ကိုင်ဆောင်ကာ လှည့်လည် သွားရောက် ကြပြီး စူဠာမုနိ လောကချမ်းသာ ဘုရားကြီးသို့ လက်ရာရစ် ၃ ပတ် ပတ်၍ ပူဇော် ကြကြောင်း သိရှိရသည်။





No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger