www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, November 23, 2013

အလင်္ကာကျော်စွာ ရွှေမန်း ဦးတင်မောင် ၏ ရုပ်တု အမျိုးသား ကဇာတ်ရုံဝင်းအတွင်း စိုက်ထူရန် စီစဉ်



မန္တလေး ၊ ၂၃-၁၁-၂၀၁၃

အလင်္ကာ ကျော်စွာ ရွှေမန်း ဦးတင်မောင် ၏ ရုပ်တု ကို မန္တလေးမြို့ ၆၆ လမ်းပေါ်ရှိ အမျိုးသား ဇာတ်ရုံရှေ့ (ပုံ) မျက်နှာစာတွင် စိုက်ထူရန် စီစဉ်နေပြီ ဖြစ်ကြောင်း အလင်္ကာ ကျော်စွာ ရွှေမန်း ဦးတင်မောင် ၏ သားဖြစ်သူ ဦးချမ်းသာ ပြောပြ၍ သိရသည်။

'' ဖေဖေရဲ့ အမှတ်တရ ရုပ်တုကို စိုက်ထူဖို့ သက်ဆိုင်ရာ ကနေ ခွင့်ပြုချက် တောင်းခံတာ ရပါပြီ ၊ အမျိုးသား ကဇာတ်ရုံ ရှေ့မျက်နှာစာ မှာပဲစိုက်ထူ မှာပါ ၊ ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီလ လောက်မှာ စိုက်ထူ သွားဖို့စီစဉ်
နေပါတယ် " ဟု ၄င်းက ပြောသည်။ ရွှေမန်း ဦးတင်မောင် ၏ အမှတ်တရ ရုပ်တု စိုက်ထူမှုနှင့် အတူ ရွှေမန်းသဘင် ၏ မိသားစုဝင် များက မန္တလေးမြို့ ပေါ်ရှိ ရွှေမန်း တင်မောင် လှူဒါန်း ခဲ့သော ဓမ္မာရုံကြီး တွင်လည်း အလှူအတန်း ပွဲများ ကျင်းပသွားရန် ရှိပြီး အမျိုးသား ဇာတ်ရုံကြီး တွင်လည်း ရွှေမန်းသဘင် တည်ထောင်ခြင်း နှစ်(၈ဝ)ပြည့် ဖျော်ဖြေပွဲ ကိုလည်း တင်ဆက်ရန် စီစဉ် နေကြောင်း သိရသည်။

" ဖေဖေ့ပွဲကို မန္တလေးမှာ အရင် လုပ်ချင်ပေမယ့် ပြီးခဲ့တဲ့ သြဂုတ်လ က ရန်ကုန်မှာ လုပ်လိုက်ရတယ် ၊ ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ် က အနုပညာရှင် တွေ ၀ိုင်းဝန်း ကူညီကြလို့ အောင်မြင်ခဲ့ ပါတယ် ၊ အခုလဲ မန္တလေး အမျိုးသား ဇာတ်ရုံမှာ တင်ဆက် ကပြဖို့ စီစဉ်နေပါပြီ ၊ ဖေဖော်ဝါရီလ ထဲမှာပဲ တင်ဆက် ကပြနိုင်မယ်လို့ ထင်ပါတယ် .. .. '' ဟု ရွှေမန်းသဘင် မှ ဦးချမ်းသာ က ပြောပြသည်။

မန္တလေးမြို့ ပန်တျာကျောင်းဝင်း အမျိုးသား ဇာတ်ရုံရှေ့ မျက်နှာစာ တွင် နေမျိုးဗလ ကျော်သူဘွဲ့ရ ရွာစားကြီး စိန်ဗေဒါ ၊ နန်းတော်ရှေ့ ဆရာတင် ၊ လေဘာတီ မမြရင် နှင့် ဒေါ်စောမြအေးကြည် ရုပ်တုများကို ထားရှိပြီး ဖြစ်ရာ မကြာမီ ကာလပိုင်း အတွင်း မန္တလေးသား အလင်္ကာ ကျော်စွာ ရွှေမန်း ဦးတင်မောင် ၏ ရုပ်တုကို ခံ့ညား ထည်ဝါစွာ စိုက်ထူထားရှိ တော့မည် ဖြစ်ကြောင်း သိရသည်။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger