www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, November 23, 2013

ကုန်လှေတစ်စီးနှင့်အတူ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ


တပ်မတော်(ရေ)မှ ဖမ်းဆီးရမိ ကုန်လှေအား တွေ့ရစဉ်

သိမ်းဆည်းရမိ အမ် - ၁၆ မောင်းပြန်ရိုင်ဖယ်တစ်လက် နှင့်
ကျည်ဆန်များအား တွေ့ရစဉ်

နေပြည်တော် ၊ ၂၃-၁၁-၂၀၁၃

တပ်မတော် (ရေ)မှ စစ်ရေယာဉ် သည် နိုဝင်ဘာ ၁၈ ရက် နံနက် ၁ နာရီ အချိန်ခန့်တွင် ပိတ်ဆို့ရေး နှင့် ပင်လယ်ပြင် စိုးမိုးရေး တာဝန်များ ထမ်းဆောင် နေစဉ် မေယုကျွန်း အနီး မသင်္ကာဖွယ် လှေတစ်စီး အား တွေ့ရှိ၍ မီးအချက်ပြ ခေါ်ယူ သော်လည်း လာရောက်ခြင်း မပြုဘဲ မောင်းနှင် ထွက်ပြေး သဖြင့် လိုက်လံ ဖမ်းဆီးရာ နံန်က ၂ နာရီ အချိန်တွင် အဆိုပါ ကုန်လှေအား တရားခံမဲ့ ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ ဖမ်းဆီး ရမိသော လှေအား တပ်မတော် (ရေ)မှ ရှာဖွေ ရှင်းလင်းရာ အမ် ၁၆ မောင်းပြန် ရိုင်ဖယ် တစ်လက် နှင့် ၄င်းကျည် ၁၁၅ တောင့် ၊ လေဖိအားသုံး ပစ္စတိုသေနတ် တစ်လက် နှင့် ကျည်အိမ် တစ်ခု တို့အား သိမ်းဆည်း ရမိသည်။

လှေပေါ်တွင် လိုက်ပါ လာသူများ သည် တပ်မတော် (ရေ)မှ လိုက်လံ ဖမ်းဆီးစဉ် အမှောင်ထု အတွင်း လှေပေါ်မှ ခုန်ချ ထွက်ပြေး သွားခြင်း ဖြစ်ကြောင်း သိရှိရသည်။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger