www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 20, 2013

အာဆီယံအမွေအနှစ် အင်းလေးကန် သာယာလှပရေး ၀ိုင်းဝန်းဆောင်ရွက်


အာဆီယံအမွေအနှစ် အင်းလေးကန် သာယာလှပရေး ၀ိုင်းဝန်းဆောင်ရွက်

အယ်ဒီတာ့အာဘော်
( ၂၀-၁၁-၂၀၁၃ )

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် တွင် ရာသီဥတု မျှတ၍ သဘာဝ သယံဇာတ ကြွယ်ဝပြီး နိုင်ငံတော် အတွင်း သင့်တင့် မျှတသော လူဦးရေလည်း ရှိနေခြင်းကြောင့် သဘာဝပေး အခြေအနေ တို့ကို အကျိုးရှိအောင် စေတနာထား အသုံးပြု နိုင်ကြသော် ဖွံ့ဖြိုးမှု လမ်းကြောင်း ပေါ်သို့ ရောက်ရှိ နိုင်မည် ဖြစ်သည်။

နိုင်ငံတော်တွင် ရှိသော သဘာဝပေး အခြေအနေ များမှ အင်းလေးကန် သည် ထူးခြားသော ဘူမိသွင်ပြင် အနေအထား ရှိသည့် အာဆီယံ အမွေအနှစ် ဥယျာဉ် တစ်ခုဖြစ်သည်။ အင်းလေးဒေသ သို့ ကမ္ဘာလှည့် ခရီးသည် လာရောက် မှုမှာ ၂ဝ၁၁ ခုနှစ်က ၂၉၈၇၂ ဦးရှိခဲ့ရာမှ ယခုနှစ် အောက်တိုဘာ လအထိ ၆၆၉၁၉ လာရောက် ခဲ့သည်။ အင်းလေးကန် သည် မြန်မာနိုင်ငံ ၏ ဒုတိယ အကြီးဆုံး ကုန်းတွင်း ရေချိုကန် ဖြစ်သည်။ အင်းလေးကန် ၏ မူလ အနေအထားမှာ ရေပြင်ဧရိယာ ၁ဝ၄ စတုရန်းမိုင် ၊ တောင်မြောက် အလျား ၃၆ မိုင် ၊ အရှေ့အနောက် အနံ ၈ မိုင် ၊ ရေအနက်ဆုံး ပေ ၂ဝ နှင့် ရေအတိမ်ဆုံး ၁၂ ပေ အသီးသီး ရှိခဲ့သည်။ မျက်မှောက် ကာလတွင် လူဦးရေ တိုးလာခဲ့ပြီး မြေအသုံးချမှု များပြား လာခဲ့ပြီး ရေဝေ ရေလဲ သစ်တော ဖုံးလွှမ်းမှု ဧရိယာ လျော့ကျလာခြင်း ၊ ရေတိုက်စား မှုကြောင့် အပေါ်ယံ မြေဆီလွှာ ဆုံးရှုံးကာ သဲနုန်းဖို့ခြင်း တို့ကြောင့် အင်းလေးကန် ရေပြင် တဖြည်းဖြည်း ကျဉ်းမြောင်း လာခဲ့သည်။ ယခု ကန်ရေပြင် ဧရိယာ ၂၄ မိုင် ၊ တောင်မြောက် အလျား ၁၁ မိုင် ၊ အရှေ့အနောက် အနံ ၄ မိုင် ၊ ရေ အနက်ဆုံး ၁၂ ပေနှင့် ရေအတိမ်ဆုံး ၆ ပေသာ ရှိတော့ကြောင်း သိရသည်။

အင်းလေးကန် သည် နိုင်ငံတော် အတွက် ရေအား လျှပ်စစ် ထုတ်လုပ်ရေး တွင် အရေးပါသော ရေကန်ဖြစ်ပြီး တိုင်းရင်းသား တို့၏ ယဉ်ကျေးမှု အလေ့အထ ထူးခြားသော ဒေသဖြစ်ပြီး ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းအတွက် ဆွဲဆောင်မှု ရှိသော ဒေသဖြစ်သည့် အပြင် အာဆီယ ၏ ယဉ်ကျေးမှု အမွေအနှစ် အဖြစ် ကမ္ဘာတွင် ထင်ရှား ကျော်ကြားသော ဒေသ ဖြစ်သည်။ ယခုအချိန်တွင် နိုင်ငံတော် အစိုးရသည် အင်းလေးကန် သာယာ လှပရေး နှင့် ရေရှည် တည်တံ့ ခိုင်မြဲရေး လုပ်ငန်းများအား အမျိုးသားရေး တာဝန်တစ်ရပ် အဖြစ် သတ်မှတ် ဆောင်ရွက်လျက် ရှိသည်။ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးရေးနှင့် ဒေသခံ ပြည်သူများ အလုပ်အကိုင် ရရှိရေး တို့အတွက် အင်းလေး ဟိုတယ်ဇုန် တည်ဆောက်ရေး စီမံကိန်းကို ညောင်ရွှေမြို့ တောင်ဘက် ၁၅ မိုင်ခန့် အကွာ၌ရှိသော မြေဧရိယာ ဧက ၆၂ဝ တွင် စတင် ဆောင်ရွက် နေပြီ ဖြစ်သည်။


သို့ဖြစ်၍ အင်းလေးကန် သာယာ လှပ၍ ရေရှည် တည်တံ့ ခိုင်မြဲရေးနှင့် ဂေဟစနစ်များ မပျက်စီးရေး ၊ ဒေသခံ တိုင်းရင်းသား တို့၏ ရိုးရာဓလေ့များ မပျောက်ပျက် ရေးတို့အတွက် နိုင်ငံတော် အစိုးရ ၊ ပြည်နယ် အစိုးရနှင့် ဒေသခံ ပြည်သူများ က ဝိုင်းဝန်း ထိန်းသိမ်း စောင့်ရှောက် ကြပါရန် တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။ ။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger