www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 20, 2013

ဖိလစ်ပိုင် ဘော်လီဘောအသင်း ဆီးဂိမ်းပြိုင်ပွဲ မှ နုတ်ထွက်ပြန်


မန္တလေး ၊ ၂၀-၁၁-၂၀၁၃

မြန်မာနိုင်ငံ တွင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ကျင်းပရန် ရက်သတ္တ သုံးပတ် ခန့်သာ ကျန်တော့သည့် အချိန်တွင် ဖိလစ်ပိုင် လက်ရွေးစင် ဘော်လီဘော အသင်းမှာ အုပ်စုပွဲစဉ်များ ရေးဆွဲပြီးမှ ပြိုင်ပွဲမှ နုတ်ထွက် သွားကြောင်း မြန်မာနိုင်ငံ ဘောလီဘော အဖွဲ့ချုပ်မှ တစ်ဆင့် သိရသည်။

ဘော်လီဘော (အမျိုးသား ၊ အမျိုးသမီး) ပြိုင်ပွဲများ အတွက် ပွဲစဉ်များ ရေးဆွဲအပြီး ပါဝင် ကစားမည့် လူစာရင်း ထုတ်ပြန် ပေးရမည့် အချိန်တွင် ဖိလစ်ပိုင် အသင်း အနေဖြင့် အမျိုးသား အသင်းနှင့် အမျိုးသမီး အသင်းပါ လူစာရင်း မပေးဘဲ ပြိုင်ပွဲမှ နုတ်ထွက် သွားခြင်း ဖြစ်ကြောင်း ဘော်လီဘော အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက် အရ သိရသည်။

" အကြောင်း အရင်းကတော့ ခိုင်ခိုင် လုံလုံ မသိရပါဘူး ၊ ကစားသမား စာရင်းပေး ခါနီးမှ နုတ်ထွက်သွားတာ ၊ ဒီတော့ ပွဲစဉ်တွေ ပြန်ပြီး ရေးဆွဲ ရတာပေါ့ .. .. '' ဟု ၄င်းက ပြောပြသည်။

၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ၏ အမျိုးသား ၊ အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲများတွင် အမျိုးသား ပြိုင်ပွဲ များ၌ အင်ဒိုနီးရှား ၊ လာအို ၊ မလေးရှား ၊ ဗီယက်နမ် ၊ ထိုင်း ၊ ကမ္ဘောဒီးယား နှင့် မြန်မာအသင်း တို့ပါဝင် ယှဉ်ပြိုင် မည်ဖြစ်ပြီး အမျိုးသမီး ပြိုင်ပွဲ များတွင် အင်ဒိုနီးရှား ၊ မလေးရှား ၊ ဗီယက်နမ် ၊ ထိုင်းနှင့် မြန်မာ အသင်းတို့ ယှဉ်ပြိုင် ကစားကြ မည်ဟု သိရသည်။


နိုဝင်ဘာ ၆ရက်က နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစား ကွင်းတွင် ဘောလုံးပြိုင်ပွဲ အမျိုးသား ၊ အမျိုးသမီး ပွဲစဉ်များ အတွက် မဲခွဲ၍ အုပ်စုပွဲစဉ် များကို ရေးဆွဲပြီးမှ ဖိလစ်ပိုင် အမျိုးသား အသင်းမှာ ပြိုင်ပွဲမှ နုတ်ထွက် သွားခဲ့ကြောင်း သိရှိရသည်။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger