www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, November 17, 2013

ဘင်ဂါဇီ တိုက်ခိုက်မှု ကျူးလွန်သူများ နှင့် ပတ်သက်၍ သတင်းပေး နိုင်သူအား အမေရိကန်ဒေါ်လာ ၁၀ သန်း ပေးအပ်မည်


ဘင်ဂါဇီမြို့ ရှိ အမေရိကန် ကောင်စစ်ဝန်ရုံး တိုက်ခိုက် ခံခဲ့ရပြီးနောက် တွေ့ရစဉ်

ဝါရှင်တန် ၊ ၁၇-၁၁-၂၀၁၃

အိုဘားမား အစိုးရသည် လစ်ဗျားနိုင်ငံ ဘင်ဂါဇီမြို့ ရှိ အမေရိကန် ကောင်စစ်ဝန်ရုံး ကို တိုက်ခိုက်သူ များအား ဖမ်းဆီး နိုင်ရေးအတွက် အဆိုပါ တိုက်ခိုက်မှု ကျူးလွန်ခဲ့ သူများနှင့် ပတ်သက်၍ သတင်းပေး နိုင်သူအား အမေရိကန် ဒေါ်လာ ၁ဝ သန်း ပေးအပ် သွားမည် ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန က နိုဝင်ဘာ ၁၅ ရက်တွင် ထုတ်ပြန် ကြေညာခဲ့ သည်ဟု အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

၂ဝ၁၂ ခုနှစ် စက်တင်ဘာ ၁၁ ရက်တွင် ဘင်ဂါဇီမြို့ ရှိ အမေရိကန် ကောင်စစ်ဝန်ရုံး တိုက်ခိုက် ခံခဲ့ရမှု ကြောင့် အမေရိကန် သံအမတ်ကြီး ခရစ္စတို ဖာစတီဗင် နှင့် အခြား သံတမန် ၃ ဦး သေဆုံး ခဲ့ကြောင်း နှင့် ရီပတ်ဘလစ်ကန် အမတ်များက အဆိုပါ တိုက်ခိုက်မှု အား ရှာဖွေ ဖော်ထုတ်ရန် အိုဘားမား အစိုးရကို ဖိအားပေး တောင်းဆိုလျက် ရှိကြောင်း သိရသည်။

ဘင်ဂါဇီမြို့ ရှိ အမေရိကန် ကောင်စစ်ဝန်ရုံး တိုက်ခိုက် ခံခဲ့ရမှုကြောင့် သေဆုံးခဲ့ရသူ
အမေရိကန် သံအမတ်ကြီး ခရစ္စတို ဖာစတီဗင်


အစောပိုင်း တွင် အိမ်ဖြူတော် က အဆိုပါ တိုက်ခိုက်မှုမှာ အမေရိကန် ဆန့်ကျင်ရေး ဆန္ဒပြမှု များမှ အစပျိုး ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သော်လည်း နောက်ပိုင်းတွင် အဆိုပါ တိုက်ခိုက်မှု မှာ အယ်လ်ကေဒါ နှင့် ဆက်စပ်မှု ရှိသည့် အကြမ်းဖက် သမားများ၏ အကြမ်းဖက် လုပ်ရပ် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။ အမေရိကန် ထောက်လှမ်း ရေးဗျူရို ( FBI ) က အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကျူးလွန်သူ များအား ဖမ်းဆီး နိုင်ခြင်း မရှိသေးကြောင်း နှင့် လစ်ဗျား အာဏာပိုင် များကလည်း စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရသည်။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger