www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 18, 2013

ဒေသခံပြည်သူများ မိုင်းစထိမှန် ဒဏ်ရာရ


မိုင်းစထိမှန် ဒဏ်ရာရရှိသော ဒေါ်နန်းပေါ အားတွေ့ရစဉ်

မိုင်းစထိမှန် ဒဏ်ရာရရှိသော မနန်းဟွမ် အားတွေ့ရစဉ်

မိုင်းစထိမှန် ဒဏ်ရာရရှိသော မနန်းလား အားတွေ့ရစဉ်

မိုင်းစထိမှန် ဒဏ်ရာရရှိသော မနန်းရွှေအိမ် အားတွေ့ရစဉ်

ပင်လုံ ၊ ၁၈-၁၁-၂၀၁၃

ရှမ်းပြည်နယ် ( တောင်ပိုင်း ) ပင်လုံမြို့နယ် ကျူလင်းရွာ တွင် နေထိုင်သည့် အမျိုးသမီး လေးဦးသည် နိုဝင်ဘာ ၁၆ ရက် နံနက် ၁၁ နာရီခန့်က ရွာ၏ အနောက် မြောက်ဘက်၌ ဆေးခါးပင် သွားရောက် ခူးယူစဉ် သောင်းကျန်းသူ အဖွဲ့တစ်ဖွဲ့ ထောင်ထားသည့် တိုက်မိုင်း တစ်လုံး နင်းမိ ပေါက်ကွဲ ခဲ့သည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် ပင်လုံမြို့နယ် ကျူလင်းရွာ နေ မနန်းရွှေအိမ် ၄ နှစ် (ဘ) ဦးတမောင်း ၊ မနန်းလား ၁၉ နှစ် (ဘ) ဦးထက်အောင် ၊ မနန်းဟွမ် ၂၂ နှစ် (ဘ) ဦးပညာလွင် နှင့် ဒေါ်နန်းပေါ ၃၇ နှစ် (ဘ) ဦးပညာလွင် တို့ လေးဦးတွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း နှင့် ဒဏ်ရာ ရရှိသူ များအား ပင်လုံမြို့နယ် ပြည်သူ့ ဆေးရုံ နှင့် လွိုင်လင် ပြည်သူ့ ဆေးရုံတို့သို့ ပို့ဆောင် ကုသ ပေးလျက် ရှိကြောင်း သိရှိရသည်။ (၁၀၀)


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger