www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 17, 2013

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ဗဟို စစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ General Fan Changlong မှ ဂုဏ်ပြု ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဗဟိုစစ်ကော်မရှင်ဒုတိယဥက္ကဋ္ဌ General Fan Changlong
နှင့် တွေ့ဆုံ ဆွေးနွေးစဉ်

နေပြည်တော် ၊ ၁၇-၁၀-၂၀၁၃

တရုတ် ပြည်သူ့သမ္မတ နိုင်ငံ၌ ချစ်ကြည်ရေး ခရီး ရောက်ရှိ နေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ဗဟို စစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ General Fan Changlong အား အောက်တိုဘာ ၁၅ ရက် ၊ ညနေ ၅ နာရီတွင် ပေကျင်းမြို့ရှိ ကျောက်ယုထိုင် နိုင်ငံတော် ဧည့်ဂေဟာ Villa No-6 ၌ တွေ့ဆုံသည်။

ပထမဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့ တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ဗဟို စစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ General Fan Changlong နှင့် တပ်မတော် အရာရှိကြီးများက ကြိုဆို နှုတ်ဆက်သည်။ ထို့နောက် Villa No-6 ဧည့်ဂေဟာ ဧည့်ခန်းမ၌ နှစ်ဖက် ကိုယ်စားလှယ် အဖွဲ့များ တွေ့ဆုံ ကြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဗဟိုစစ်ကော်မရှင်ဒုတိယဥက္ကဋ္ဌ General Fan Changlong
ကြိုဆိုနှုတ်ဆက်စဉ်

ထိုသို့တွေ့ ဆုံရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး ၊ ဗိုလ်ချုပ် မြထွန်းဦး ၊ ဗိုလ်ချုပ် စိုးသိန်း ၊ တရုတ် ပြည်သူ့သမ္မတ နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးတင်ဦး ၊ စစ်သံမှူး ဗိုလ်မှူးကြီး အောင်ချိန် နှင့် တပ်မတော် အရာရှိကြီး များ တက်ရောက် ကြပြီး တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ဗဟို စစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ General Fan Changlong နှင့်အတူ ဒုတိယစစ်ဦးစီးချုပ် General Sun Jian Guo နှင့် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ အရာရှိ ကြီးများ တက်ရောက် ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာ - တရုတ် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား အကျိုးတူ ကိစ္စရပ်များ အရှိန်အဟုန် တိုးမြှင့် ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေး ခဲ့ကြသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၊  ဇနီး ဒေါ်ကြူကြူလှ နှင့် အဖွဲ့ဝင်များ အား တရုတ် ပြည်သူ့ လွှတ်မြောက်ရေး တပ်မတော် ဗဟို စစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ General Fan Changlong မှ ဂုဏ်ပြု ညစာစားပွဲ ဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။ ညစာ မသုံးဆောင်မီ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ဗဟို စစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ General Fan Changlong တို့သည် အပြန်အလှန် အမှာစကား ပြောကြား၍ ဆုမွန်ကောင်း တောင်းကြသည်။ ညစာ သုံးဆောင် နေစဉ်တွင် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် တေးဂီတ အဖွဲ့မှ တေးသီချင်း များဖြင့် တီးမှုတ် ဖျော်ဖြေသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဗဟိုစစ်ကော်မရှင်ဒုတိယဥက္ကဋ္ဌ General Fan Changlong
က တည်ခင်း ဧည့်ခံသည့် ဂုဏ်ပြု ညစာစားပွဲတွင် အမှာစကား ပြောကြား၍
ဆုမွန်ကောင်းတောင်းစဉ်


ညစာစားပွဲ အပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၊ ဇနီး ဒေါ်ကြူကြူလှ နှင့် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ဗဟို စစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ General Fan Changlong တို့သည် အထိမ်း အမှတ်တံဆိပ် နှင့် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ် ကြကြောင်း သိရှိရသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဗဟိုစစ်ကော်မရှင်ဒုတိယဥက္ကဋ္ဌ General Fan Changlong
က အမှတ်တရ လက်ဆောင် ပစ္စည်း ပေးအပ်စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger