www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, October 20, 2013

ဒဗလျူဝိုင် စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြားများ နှင့် လက်နက် / ခဲယမ်းများ ဖမ်းဆီးရမိ


တာချီလိတ် ၊ ၂၀-၁၀-၂၀၁၃

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ဟောင်လိတ် အုပ်စု ၊ တော်ကော့ (အပြင်)ရွာ အိမ်အမှတ် (တကပ/၂၄) အခန်း ၂၄ နေ ဒေါ်နန်းအွေ့ ၃၃ နှစ်(ဘ) ဦးအိုက်ဆိုက် ၏ နေအိမ်အား လုံခြုံရေး တပ်ဖွဲ့ဝင် များက သတင်းအရ အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းက ၀င်ရောက် ရှာဖွေ စစ်ဆေးရာ ဒေါ်နန်းအွေ့ ၀တ်ဆင် ထားသည့် ညအိပ်ဝတ် ဘောင်းဘီရှည် အတွင်းမှ ဒဗလျူဝိုင် စာတန်းပါ လိမ္မော်ရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၃ ပြား ၊ လက်ဆွဲအိတ် အတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၅၅ ပြား စုစုပေါင်း ၁၅၈ ပြား ၊ ဒေသတန်ဖိုး ၃၁၆၀၀၀ ကျပ် နှင့် အိုက်စ် ( ၀ ဒသမ ၀၀၂ ) ကီလိုဂရမ်  ဒေသတန်ဖိုး ၄၀၀၀၀ ကျပ်အား သိမ်းဆည်း ရမိ ခဲ့ကြောင်း သိရသည်။


ယင်းနောက် အခန်း အမှတ် ၂၅ နေ ဦးအိုက်ဝန်း ၄၂ နှစ် (ဘ) ဦးစိုင်းလုံ နေအိမ်အား ဆက်လက် ရှာဖွေရာ ပလတ်စတစ် လက်ဆွဲအိတ် အတွင်းမှ ဒဗလျူဝိုင် စာတန်းပါ နီညိုရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၂၀၀ ပြားစီပါ ခြောက်ထုတ် စုစုပေါင်း ၁၂၀၀ ပြား ၊ ဒေသတန်ဖိုး ၂၄၀၀၀၀၀ ကျပ် ၊ အိုက်စ် ( ၀ ဒသမ ၀၆၅ ) ကိလိုဂရမ် ဒေသတန်ဖိုး ၁၃၀၀၀၀၀ ကျပ် နှင့် အဖြူရောင် သားရေ လက်ကိုင်အိတ် အတွင်းမှ ပွိုင့် ၄၅ ပစ္စတို သေနတ် (အဟောင်း) တစ်လက် ၊ ၄င်းကျည်ကတ် တစ်ခု ၊ ၉ မမကျည် ၁၅၀ တောင့် တို့အား သိမ်းဆည်း ရမိခဲ့ပြီး မူးယစ်ဆေးဝါး များနှင့်အတူ ဖမ်းဆီး ရမိ တရားခံတို့အား တာချီလိတ် မူးယစ် တပ်ဖွဲမှ ဥပဒေအရ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ (၁၀၀)




No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger