www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 18, 2013

ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်းများ အလိုရှိသည်

ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်းများ အလိုရှိသည်

အဏ္ဏ၀ါပျော် အမျိုးသမီး စစ်သည်တော်များ ။   ။ ရှေးဟောင်း ပဒေသရာဇ် ဧကရာဇ် ခေတ်အခါ ကာလမှသည် နယ်ချဲ့ လက်အောက် ကိုလိုနီ ဘ၀ ရောက်ခဲ့သည့် ခေတ်ကာလ အထိ အမျိုးသမီးထု တရပ်လုံးသည် ထမ်းပိုး အထပ်ထပ် အောက်ဝယ် အညွန့်တုံးကာ တိုးတက် ခေတ်မှီမှု မှန်သမျှ တို့သည် ဆုံးရှုံး ခဲ့ကြရပေသည်။ ခြေတလှမ်း - ကဋေတသန်း ဟူ၍၄င်း ၊ ဗူးကောင်းလျှင် စင်ခံ ၊ လင်ကောင်းလျှင် စံ ဟူ၍၄င်း ၊ ယောက်ျားကောင်း မောင်းမ တထောင် ဟူ၍၄င်း အမျိုးမျိုးသော ပုံခိုင်းချက် များဖြင့် အမျိုးသမီး တို့၏ တိုးတက်မှုကို ပိတ်ဆို့ကာ အစဉ်အလာ အားဖြင့် အထင်အမြင် သေးကာ နှိမ့်ချ ထားခြင်းကို ခံခဲ့ကြ ရပေသည်။ လွတ်လပ်ပြီး ပြည်ထောင်စု မြန်မာနိုင်ငံ ခေတ်ကာလသို့ ရောက်ရှိ သည့်အခါ အမျိုးသမီး ထု၏ တိုးတက်မှုကို ပိတ်ဆို့ တားဆီးပြီး နှိမ်နင်း ထားသော အစဉ်အလာ များကို တွန်းလှန်ကာ တိုင်းပြည် အတွက် ယောက်ျား များနှင့် ရင်ဘောင်တန်း ဆောင်ရွက်သည့် လုပ်ငန်း တာဝန် များကို ထမ်းဆောင်ကာ ခေတ်နှင့် အမှီ လိုက်၍ နေပေပြီ။ အထူးသဖြင့် လွတ်လပ်သော နိုင်ငံတော် တည်တံ့ အဓွန့်ရည်ရေး အတွက် အသက်ပေး ကာကွယ် တိုက်ခိုက်ရန် ဖွဲ့စည်းထားသည့် တပ်မတော် အတွင်းမှာပင် စစ်သည်တော် အမျိုးသမီးများ အဖြစ် ကျားကျား ယားယား ဖြင့် နိုင်ငံတော် တာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင် လာသည့် အဆင့်သို့ပင် အားရစဖွယ် တွေ့ရှိရပေသည်။ အမျိုးသမီး စစ်သည်တော်များ အဖြစ် ကြည်း ၊ ရေ ၊ လေ စသည့် တပ်ဖွဲ့ အားလုံးတွင် ပါဝင် အမှုထမ်း နေကြသည့် အနက် တပ်မတော်(ရေ) တွင် အမှုထမ်း ဆောင်ရွက် နေသည့် အမျိုးသမီး စစ်သည်တော် တို့၏ စိတ်ဝင်စား ဖွယ်ရာ တို့ကို အသေးစိတ် သိရှိ စိမ့်သောငှာာ တပ်မတော် (ရေ) လေ့ကျင့်ရေး ကျောင်း၏ ဒု ဦးစီး လေ့ကျင့်ရေး နှင့် အမျိုးသမီး စစ်မှုထမ်း လေ့ကျင့်ရေး တာဝန်ခံ အရာရှိ ဖြစ်သော ဗိုလ်ကြီး သန်းရှင် နှင့် " ခေတ်ရေး " အဖွဲ့ဝင်တို့ တွေ့ဆုံ ဆွေးနွေးချက် ကို ဖော်ပြ လိုက်ရပေသည်။

  
 
 
 


ဟု အစ ချီထားသော ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့ထုတ် ၊ ခေတ်ရေး စာစောင် အတွဲ(၁၀) အမှတ်(၁) စာမျက်နှာ ၁၆ တွင် ခေတ်ရေး စာစောင် နှင့် " ရေတပ်မတော် လေ့ကျင့်ရေးကျောင်း မှ စစ်သမီး နှင့် အရာရှိများ သင်တန်း " မှ အမျိုးသမီး စစ်မှုထမ်း လေ့ကျင့်ရေး တာဝန်ခံ အရာကြီး ဗိုလ်ကြီး သန်းရှင် တို့ တွေ့ဆုံဆွေးနွေးခြင်း ကဏ္ဍ၏ ဖော်ပြချက် အရ မြန်မာနိုင်ငံ ၌ အမျိုးသမီး အရာရှိ သင်တန်းကို ၁၉၅၈ ခုနှစ် မတ်လ ကတည်းက ခေါ်ယူ သင်တန်း ပေးခဲ့ပြီး ယင်းနှစ် စက်တင်ဘာလ တွင် ရေတပ်မတော် အမျိုးသမီး အရာရှိ များအဖြစ် စတင် တာဝန် ထမ်းဆောင် ခဲ့ကြ သည်ကို သိရသည်။ ရိုးရိုး အမျိုးသမီး စစ်သည် တွေကိုတော့ ၁၉၅၉ ခုနှစ် သြဂုတ်လ မှသာ သင်တန်း စတင် ဖွင့်လှစ် ခဲ့ကြောင်း သိရှိရသည်။ ယင်းကြောင့် မြန်မာ့ တပ်မတော်တွင် အမျိုးသမီး ဗိုလ်လောင်း များကို ခေါ်ယူ ခန့်ထားရာတွင် ယခုမှ မဟုတ်ကြောင်း သိသာ ထင်ရှား စေပါသည်။

၁၈-၁၀-၂၀၁၃ ရက်နေ့ထုတ် မြ၀တီ နေ့စဉ် သတင်းစာ ပါ ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်း အတွက် သင်တန်းသူ များ ခေါ်ယူရာတွင် ပညာ အရည်အချင်း နှင့် သတ်မှတ်ချက် များ ကိုက်ညီသော လျှောက်လွှာ ကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် ကတစ်ဆင့် လျှောက်ထား နိုင်ပြီး လျှောက်လွှာ ကို နိုဝင်ဘာလ ၁၇ ရက်နေ့ နောက်ဆုံးထား၍ တိုင်းစစ်ဌာနချုပ် မှတစ်ဆင့် စစ်ရာထူး ခန့်ချုပ်ရုံး ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) သို့ ပေးပို့ရမည် ဖြစ်သည်။ အမျိုးသမီး ဗိုလ်လောင်း သင်တန်း အနေဖြင့် နှစ်ပေါင်း ၅၀ ကျော်ကြာမှ ပြန်လည် ခေါ်ယူသည့် တပ်မတော် (ကြည်း) သင်တန်းပင် ဖြစ်သည်။ မိမိ လျှောက်လွှာများ တင်သွင်းသည့် တိုင်းစစ်ဌာနချုပ် တွင်ပင် ရွေးချယ်ခြင်း ခံရသည့် စာရင်းကို သွားရောက် စုံစမ်း မေးမြန်း နိုင်ကြောင်း သိရသည်။


သတ်မှတ်ချက် နှင့် ပြည့်စုံပြီး အရည်အချင်း ပြည့်မီသော လျှောက်လွှာရှင် များကိုသာ တပ်မတော် ဗိုလ်ရွေး အဖွဲ့တွင် ၀င်ရောက် အစစ်ဆေး ခံရမည်။ ယင်းတို့ အစစ်ဆေး ခံရန် အကြောင်းကြား စာကိုလည်း သက်ဆိုင်ရာ တိုင်း ဌာနချုပ် များမှ တစ်ဆင့် အချိန်မီ ပေးပို့ သွားမည် ဖြစ်ကြောင်း သိရှိရသည်။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger