www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, October 27, 2013

တောင်ကြီး တန်ဆောင်တိုင် မီးပုံးပွဲအတွက် ရှမ်းစက္ကူများ ဈေးတက် သော်လည်း ပစ္စည်းပြတ်သည် အထိ အ၀ယ်လိုက်



တောင်ကြီး ၊ ၂၇-၁၀-၂၀၁၃

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးတွင် နှစ်စဉ် ကျင်းပ နေကျ ဖြစ်သော ရိုးရာ တန်ဆောင်တိုင် မီးပုံးပျံ ပွဲမှာ တဖြည်းဖြည်း နီးကပ် လာသည် နှင့်အမျှ မီးပုံးပျံသုံး ရှမ်းစက္ကူများ မှာ ဈေးနှုန်း တက်သော်လည်း ပစ္စည်းများ ပြတ်လပ် သည်အထိ အ၀ယ်လိုက် နေကြောင်း သိရသည်။

တန်ဆောင်တိုင် မီးပုံးပျံသုံး စက္ကူများကို တစ်နှစ်ပတ်လုံး စုဆောင်း ထားသူများ လည်းရှိပြီး ယခုနှစ် စက်တင်ဘာ လကုန်အထိ မီးပုံးပျံ သုံးရှမ်းစက္ကူ ( လက်ရွေးစင် ) မှာ ၂၅ လက်မပတ်လည် တစ်ချပ်လျှင် ငွေကျပ် ၁၂ဝ မှ ၁၈ဝ အထိသာ ရှိရာမှ ပွဲတော် မကျင်းပမီ အောက်တိုဘာ ၂၁ ရက်မှ စတင်ပြီး ရှမ်းစက္ကူ တစ်ရွက်လျှင် အနိမ့်ဆုံးငွေ ကျပ် ၁၉ဝ မှ ၂ဝဝ၊ ၂၅ဝ အထိ ဝယ်ယူ ရကြောင်း မီးပုံး ပြုလုပ်သူ ဦးစွန်းခိုင်က ပြောကြား ခဲ့သည်။

'' အရင်နှစ် တွေက ပုံမှန်ပါပဲ ၊ ဒီနှစ်ကျမှ ဈေးတက်သွား တာပါ ၊ မီးပုံး ပြုလုပ်သူ ဝါသနာရှင် တွေကလည်း တဖြည်းဖြည်း နဲ့ ပိုများလာပြီး နိုင်ငံခြား သားတွေကလည်း ကိုယ်တိုင် ပါဝင် နေပါတယ် " ဟု တောင်ကြီး မီးပုံပျံ ၀ါသနာရှင် ဦးဝင်းတင် က ပြောပြ ခဲ့သည်။

တောင်ကြီး မီးပုံးပျံ ပွဲတော်တွင် ပါဝင် ယှဉ်ပြိုင် ကြမည့် မီးပုံး အရေအတွက် များမှာ ယခုနှစ်တွင် အလုံးရေ ၂၀၀၀ ကျော်ခန့် အထိ ယှဉ်ပြိုင် ကြမည် ဖြစ်ပြီး ပွဲတော် လုံခြုံရေး များကိုလည်း ပိုမို တင်းကျပ်စွာ စစ်ဆေးမှု ပြုလုပ်မည် ဖြစ်ကြောင်း ပွဲတော် ကျင်းပရေး ကော်မတီ အဖွဲ့ဝင် များထံမှ သိရသည်။


မီးပုံးပြုလုပ်ရန် ဆက်စပ် ပစ္စည်းများ ဈေးနှုန်း သည်လည်း အနည်းဆုံး ကျပ် ၂၀၀ ပတ်ဝန်းကျင် အထိ ၀ယ်ယူ အသုံးပြု နေရသည်ဟု မီးပုံး ပြုလုပ်သူ ဦးခွန်နီက ပြောကြား ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger