www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, September 3, 2013

ငွေတာရီမဂ္ဂဇင်း ရောင်စုံ ဓာတ်ပုံပြိုင်ပွဲ " မြစ်နဒီအလှ "

ငွေတာရီမဂ္ဂဇင်း ရောင်စုံ ဓာတ်ပုံပြိုင်ပွဲ " မြစ်နဒီအလှ "

ပထမ - ဦးထွန်းဝေ



ဝါရင့် ဓာတ်ပုံ ပညာရှင် ဦးထွန်းဝေ မှာ ၃ လပတ် ရောင်စုံ ဓာတ်ပုံ ပြိုင်ပွဲ များကို အားစိုက် ပေးပို့ ယှဉ်ပြိုင် နေသည်ကို သတိပြု မိပါသည်။ ပထမ ဆုရ ဦးထွန်းဝေ ၏ ဓာတ်ပုံမှာ တောင်စွယ် တောင်တန်းများ ၀န်းရံ ထားသည့် မြစ်၏ မြစ်ညာအစ မြစ်နဒီ အလှကို ရိုက်ယူ ထားသည်။ Landscape ရှုမျှော်ခင်း အလှ ပုံကောင်း တစ်ပုံ ဖြစ်သည်။

ဒုတိယ - အေးကို ( ART )



မန္တလေး မှ ဓာတ်ပုံ ပညာရှင် အေးကို ( ART ) မှ ဒုတိယဆု ရယူ သွားသည်။ အေးကို (ART) မှာလည်း နယ်ဝေးတွင် နေသူဖြစ်၍ ယခုကဲ့သို့သော အထူး ပြိုင်ပွဲ များတွင် မလွတ်တမ်း ပြိုင်ဝင် နေသူဖြစ်သည်။ ညနေစောင်း (သို့မဟုတ်) နံနက် စောစောတွင် မြစ်နဒီ ကမ်းခြေတွင် ခရီးသည် သားအမိတို့ လမ်းလျှောက် နေဟန်ကို ရိုက်ယူ ထားသည်။ မြစ်နဒီ၏ အပြာရောင် နှင့် ကျနေ သို့မဟုတ် ထွက်ပြူစ နေ၏ အ၀ါရောက် ပက်ဖျန်းမှု တို့မှာ တစ်မျိုး ကြည့်ကောင်း လှသည်။ ဓာတ်ပုံ ဖွဲ့စည်း ထားသို ရိုက်ကူးပုံ တို့ ကောင်းမွန်သည်။

တတိယ - မျိုးဇေယျဦး


ဓာတ်ပုံ သင်တန်း အမှတ်စဉ် ၄၀ မှ သင်တန်းဆင်း လူသစ်ဖြစ်သူ မျိုးဇေယျဦး ၏ ဆုရပုံမှာ ရန်ကုန်မြစ်၏ ညဥ့်ဦးပိုင်း အလှကို ဆန်းသစ်စွာ ရိုက်ကူး တင်ပြထားသည်။ သာမန်မြစ် အလှကို စိတ်ကူး ကောင်းစွာဖြင့် မည်သူမျှ စိတ်မကူး ဖြစ်သည့် အကြောင်း အရာကို Night Seen အဖြစ် ပညာသား ပါစွာ ပိုင်နိုင်စွာ ရိုက်ကူး ထားသည်ကို အားရ ချီးကျူးမိသည်။ ကူးချဲ့ စဉ်က ပုံ၏ အပေါ်ပိုင်း ရန်ကုန် ဆိပ်ကမ်း အလှကို ယခုအနေထက် ပိုမို အရောင်ရင့် ကူးပါက ပိုမို ကောင်းမွန်မည် ဖြစ်သည်။

ညောင်ဦးဖိုးချို ( Hon: MPS, FMPS, PMPS )

မြန်မာနိုင်ငံ ဓာတ်ပုံအသင်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger