www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, July 11, 2013

မြန်မာ MPU ကတ်များ ထိုင်း ၊ မလေး ၊ စင်ကာပူ အာဆီယံ နိုင်ငံများတွင် စတင် အသုံးပြုနိုင်တော့မည်


ရန်ကုန် ၊ ၁၁-၇-၂၀၁၃

မြန်မာဘဏ်များ က ထုတ်ဝေ ထားသည့် Myanmar Payment Union _ MPU ကတ်များကို ယခုနှစ်ကုန် ပိုင်းတွင် ထိုင်း ၊ မလေးရှား နှင့် စင်ကာပူ ကဲ့သို့ အာဆီယံ နိုင်ငံများတွင် စတင် အသုံးပြု နိုင်တော့မည် ဖြစ်ကြောင်း MPU အဖွဲ့ဝင် ကမ္ဘောဇဘဏ် မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

မြန်မာ MPU ကွန်ရက်တွင် နိုင်ငံတကာ ကတ်များ ဖြစ်သော ဂျပန် JCB ကတ် နှင့် တရုတ် CUP ကတ်တို့ကို အသုံးပြု နိုင်ပြီး အဆိုပါ နိုင်ငံများ တွင်လည်း မြန်မာ MPU ကတ်များ အသုံးပြုနိုင်ရန် စီစဉ်နေကြောင်း သိရသည်။ " အခြား နိုင်ငံက ကတ်တွေ ဒီမှာ သုံးလို့ရသလို ကိုယ့်နိုင်ငံက ကတ်တွေလည်း နိုင်ငံတကာ မှာ သုံးလို့ရအောင် စီစဉ် နေတယ် ၊ စစချင်းတော့ အာဆီယံ နိုင်ငံတွေမှာ သုံးနိုင်မှာ ဖြစ်တယ် .... " ဟု ကမ္ဘောဇဘဏ် မှ တာဝန်ရှိသူ က ပြောကြား ခဲ့သည်။


Myanmar Payment Union အဖွဲ့ကို မြန်မာဘဏ်များ စုပေါင်း ဖွဲ့စည်း ထားခြင်း ဖြစ်ပြီး အစိုးရဘဏ် ၃ ဘဏ်နှင့် ပုဂ္ဂလိကဘဏ် ၁၄ ဘဏ်ပါဝင်သည်။ ယခုအခါ မြန်မာဘဏ်များ မှ MPU ကတ်ထုတ်ဝေမှု ပမာဏမှာ ဇူလိုင်လဆန်း အထိ ကတ် တစ်သိန်း ခြောက်သောင်း ကျော် ထုတ်ပေးပြီး ဖြစ်ကာ ATM ကတ် အလုံးရေ ၂၇၅ လုံး ရှိကြောင်း သိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger