www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, July 11, 2013

အင်းလေးကန် အနီးတစ်ဝိုက်ရှိ တောင်းတန်းဒေသ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှု အခြေအနေအား သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ




တောင်ကြီး ၊ ၁၁-၇-၂၀၁၃

ရှမ်းပြည်နယ် ၊ အင်းလေးကန် အနီးတစ်ဝိုက် ရှိ တောင်တန်း ဒေသများ၏ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးမှု အခြေအနေ အားလုံး သုံးသပ်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီ က တောင်ကြီးမြို့ ၊ ညောင်ဖြူစခန်း ရပ်ကွက်ရှိ ချယ်ရီကွင်း ဟိုတယ် ခန်းမ၌ ကျင်းပရာ တောင်ကြီး မြို့နယ် အုပ်ချုပ်ရေးမှူး ကိုယ်စား ဒုတိယ ဦးစီးမှူး ဒေါ်နန်းခမ်းအေး ၊ ဟိုတယ် လုပ်ငန်းရှင်များ ၊ NGO အဖွဲ့အစည်း များ နှင့် ဖိတ်ကြား ထားသည့် ဧည့်သည်တော် များ တက်ရောက် ကြကြောင်း သိရသည်။


အခမ်းအနား တွင် တောင်ကြီး မြို့နယ် အုပ်ချုပ်ရေးမှူး ကိုယ်စား ဒုတိယ ဦးစီးမှူး ဒေါ်နန်းခမ်းအေး က အဖွင့် အမှာစကား ပြောကြားခဲ့ပြီး ICIMOD _ International Centre for Intergratex Mountain Development နှင့် IID _ Institute for International Development အဖွဲ့တို့၏ အစီအစဉ် များအား မိတ်ဆက်ခြင်း ၊ စွမ်းအား အရင်းအမြစ် များနှင့် မျှော်လင့်ချက်များ ခေါင်းစဉ်ဖြင့် အဖွဲ့လိုက် ဆွေးနွေးခြင်း နှင့် အဖွဲ့လိုက် ခွဲ၍ အင်းလေးကန် အနီးတစ်ဝိုက် ရှိ တောင်တန်းဒေသ များ၏ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးမှု အခြေအနေများ ၊ ခရီးသွား လုပ်ငန်း နှင့် ၀န်ဆောင်မှု ထုတ်ကုန် လုပ်ငန်း ဆိုင်ရာများ ၊ ဒေသတွင်းရှိ ပညာရေး ၊ ကျန်းမာရေး ၊ လူနေမှုဘ၀ ၊ ကျေးလက် ဒေသနေ ပြည်သူများ အသက်မွေး ၀မ်းကျောင်းမှု ခိုင်မာစေရေး စသည်များကို အစုဖွဲ့ ဖွဲ့စည်းကာ ဆွေးနွေး ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger