www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 16, 2013

တရုတ် ကူမင်း - ရန်ကုန် ရထားလမ်း နှင့် အိန္ဒိယ၏ ကုန်သွယ်ရေး စနစ်ကြောင့် ၂၀၁၅ ခုနှစ်မှစ၍ မြန်မာနိုင်ငံ အရှိန်မြင့် စီးပွားရေး ဖွံ့ဖြိုးနိုင်

ရန်ကုန် ၊ ၁၆-၇-၂၀၁၃

မြန်မာနိုင်ငံ ၏ မဟာဗျူဟာမြောက် တည်ရှိနေသော မြေအနေအထား ကြောင့် အရှေ့တောင် အာရှ နိုင်ငံများ မှ တရုတ်နိုင်ငံ နှင့် အိန္ဒိယနိုင်ငံ များသို့ ကုန်ပစ္စည်း ဖြတ်ကျော် တင်ပို့မှု နှင့် အိန္ဒိယနိုင်ငံ နှင့် တရုတ်နိုင်ငံ များမှ အာဆီယံ နိုင်ငံများသို့ ကုန်ပစ္စည်း ဖြတ်ကျော် တင်ပို့ရန် မြန်မာနိုင်ငံ ကုန်းတွင်းပိုင်း ကို ဖြတ်ကျော်ရမည့် အခြေအနေ များကြောင့် မြန်မာနိုင်ငံ သည် လာမည့် ၂၀၁၅ ခုနှစ်မှ စ၍ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အရှိန်အဟုန် ဖြင့် မြင့်မား လာနိုင်ကြောင်း နိုင်ငံတကာ လုပ်ငန်းရှင် ကြီးများနှင့် ထိတွေ့မှု အများဆုံး ဖြစ်သော ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောကြား ခဲ့သည်။

အာရှတွင် လူဦးရေ အများဆုံး နှင့် ဖွံ့ဖြိုးမှု အားအကောင်းဆုံး နိုင်ငံများ ဖြစ်သော တရုတ်နိုင်ငံ နှင့် အိန္ဒိယ နိုင်ငံ တို့သည် မြန်မာနိုင်ငံ နှင့် ချိတ်ဆက်နိုင်သော မီးရထားလမ်း ၊ ကားလမ်းများ ကို စတင် ဖောက်လုပ် နေပြီ ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ ရန်ကုန်မြို့ နှင့် တရုတ်နိုင်ငံ ကူမင်း ရထားလမ်းမှာ ၂၀၁၅ ခုနှစ်တွင် အပြီးသတ်မည် ဖြစ်ကြောင်း သိရသည်။

အိန္ဒိယ နိုင်ငံ အနေဖြင့် ကုန်ပစ္စည်း အများအပြား တင်ပို့ ရောင်းချရန် မြန်မာနိုင်ငံ ကို ဖြတ်သန်း ဖောက်လုပ်မည့် ကားလမ်းကို အကောင် အထည်ဖော် ရမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကားလမ်းမှာ အိန္ဒိယ ၊ မြန်မာ နှင့် ထိုင်းနိုင်ငံ တို့ကို ဆက်သွယ်ထားသော ကားလမ်း ဖြစ်သည်။ တစ်ဖက်တွင် အရှေ့တောင် အာရှကုန်းမြေ နှင့် တစ်ဆက်တည်း ရှိသော ထိုင်း ၊ ဗီယက်နမ် ၊ ကမ္ဘောဒီးယား နှင့် မြန်မာနိုင်ငံ တို့သို့ ချိတ်ဆက်ပေးမည့် ရထားလမ်းကို တောင်ပိုင်း စီးပွားရေး စင်္ကြကြီး အမည်ဖြင့် ကမ္ဘာ့ဘဏ် ၊ အာရှ ဖွံ့ဖြိုးရေး ဘဏ်နှင့် ထိုင်းနိုင်ငံ များမှ ထုတ်ချေးပြီး ဖောက်လုပ် နေကြောင်း သိရသည်။

အဆိုပါ အာဆီယံ နှင့် တရုတ် ၊ အိန္ဒိယနိုင်ငံ စီးပွားရေး ကုန်သွယ်မှု ပြုရာလမ်းကြောင်း ကြီးများမှာ မြန်မာနိုင်ငံ ကို အဓိက ဖြတ်သန်းရမည် ဖြစ်ပြီး မီးရထားလမ်း စီမံကိန်း တွင် ထားဝယ် ပါဝင်သော ကြောင့် ထားဝယ် ရေနက် ဆိပ်ကမ်း စီးပွားရေးဇုန် ကြီးမှာ အိန္ဒိယ နိုင်ငံနှင့် တရုတ်နိုင်ငံ သို့ ဈေးကွက် ထိုးဖောက်မည့် အလားအလာ များရှိကြောင်း စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက သုံးသပ် ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံ အနေဖြင့် ကမ္ဘာ့ လူဦးရေ အများဆုံး အိမ်နီးချင်း ဈေးကွက်ကြီး များနှင့် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန် စေရန် ကြိုးစားလုပ်ဆောင် နေခြင်းနှင့် အတူ လူဦးရေ သန်း ၆၀၀ ခန့် ရှိသော အာဆီယံ နိုင်ငံများနှင့် ပါ ကူးသန်း ရောင်းဝယ်ရေး လမ်းကြောင်း များ ဖောက်လုပ် နေသောကြောင့် လုပ်အားခ ဈေးသက်သာပြီး လူဦးရေ ၏ သုံးပုံနှစ်ပုံခန့် အလုပ်လုပ် နိုင်သော မြန်မာနိုင်ငံ မှ လုပ်သားများကို နိုင်ငံတကာ ရင်းနှီး မြှုပ်နှံ သူများက စိတ်ဝင်စား ကြပြီး လာရောက် ရင်းနှီးမြှုပ်နှံ နေကြခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။


စီးပွားရေး စီမံကိန်း များဖြစ်သော ထားဝယ် ၊ သီလ၀ါ နှင့် ကျောက်ဖြူဇုန် များကို အကောင် အထည်ဖော် နေပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ ကြီးမားကြောင်း သိရသည်။ အဆိုပါ စီးပွားရေး စီမံကိန်း ကြီးများ အပြင် ကိုရီးယား ၊ ဂျပန် စသော နည်းပညာမြင့် နိုင်ငံများမှလည်း မြန်မာနိုင်ငံ တွင် ရင်းနှီးမြှုပ်နှံ လာကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger