www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 2, 2013

အလောင်းတော် ကဿပ အမျိုးသား ဥယျာဉ်နယ်နိမိတ် အတွင်း သတိပေး တားမြစ်ချက် ဆိုင်းဘုတ်များစိုက်ထူ


မုံရွာ ၊ ၂-၇-၂၀၁၃

မုံရွာခရိုင် ကနီမြို့နယ် အတွင်းရှိ အလောင်းတော် ကဿပ အမျိုးသား ဥယျာဉ် နယ်နိမိတ် အတွင်း၌ သစ်တောရေးရာ သတိပေး တားမြစ်ချက် မြေစိုက် ဆိုင်းဘုတ်ကြီး များ စိုက်ထူ ထားလျက် ရှိကြောင်းကို လာပို့ကျေးရွာ နေ ဒေသခံ ပြည်သူ တစ်ဦးက " သစ်တောထွက် ပစ္စည်းတွေ ဈေးကောင်း လာတာနဲ့အမျှ သစ်တောကြီး တွေထဲကို လူဝင်လူထွက် များပြား လာတာကြောင့် အခုလို သတိပေး တားမြစ်ချက် ဆိုင်းဘုတ်တွေ စိုက်ထူတာ ဖြစ်နိုင်ပါတယ် ... " ဟု ပြောကြား ကြသည်။

ကနီမြို့နယ် ၊ ယင်းမာပင် မြို့နယ် ၊ မင်းကင်းမြို့နယ် ၊ ကလေးမြို့နယ် နှင့် ဂန့်ဂေါမြို့နယ် တို့အကြား တည်ရှိသော အဆိုပါ အမျိုးသား ဥယျာဉ်ကြီး သည် တောနေ တိရစ္ဆာန် များနှင့် ပန်းမန် သစ်ပင်မျိုးစုံ တည်ရှိရာ သစ်တောထွက် ပစ္စည်းများ သဘာဝ အလျှောက် တည်ရှိ နေသော်လည်း စည်းကမ်းမဲ့ စီးပွားရေး ရှာဖွေ လိုသူများ မကြာခဏ ၀င်ရောက်လေ့ ရှိတတ်ခြင်းကြောင့် ယင်းကဲ့သို့ သတိပေး တားမြစ်ချက် ထုတ်ပြန် ကြေညာ ထားရခြင်း ဖြစ်သည်။

သစ်တောရေးရာ သတိပေး တားမြစ်ချက် များတွင် အမဲလိုက်ခြင်း ၊ ငါးဖမ်းခြင်း ၊ အဆိပ်ခပ်ခြင်း ၊ ရေစီးရေလာ ပျက်စီး စေအောင် ပြုလုပ်ခြင်း ၊ မီးသွေးဖုတ်ခြင်း ၊ မီးရှို့ခြင်း ၊ သစ်ပင်ခုတ်ခြင်း ၊ တောင်ယာ ခုတ်ခြင်း ၊ စားကျက်ချခြင်း ၊ မြေကို ခုတ်ထွင် ရှင်းလင်းခြင်း ၊ ကျူးကျော် ၀င်ရောက်ခြင်း ၊ ယာမြေ ဖော်ထုတ်ခြင်း စသည့် ကိစ္စရပ် များကို မပြုလုပ် ကြရန် သတိပေး တားမြစ် ထားခြင်း ဖြစ်ကြောင်း သိရသည်။


အဆိုပါ တားမြစ်ချက် တွေ လိုက်နာမှု မရှိဘဲ သစ်တောအတွင်း ၀င်ရောက် လုပ်ဆောင် နေသည်ကို တွေ့ရှိရလျှင် မည်သူ့ကိုမဆို သစ်တော ဥပဒေအရ သော်လည်းကောင်း ၊ တောရိုင်း တိရစ္ဆာန်များ ထိန်းသိမ်း စောင့်ရှောက်ရေး ဥပဒေ အရသော် လည်းကောင်း ၊ သဘာဝ နယ်မြေများ ထိန်းသိမ်း စောင့်ရှောက်ရေး ဥပဒေ အရသော် လည်းကောင်း အရေးယူ နိုင်ကြောင်း အလောင်းတော် ကဿပ အမျိုးသား ဥယျာဉ် အုပ်ချုပ်ရေးမှူး ထံမှ သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger