www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, June 19, 2013

တောင်ကိုရီးယားနိုင်ငံသည် အမေရိကန် ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ လေလံခေါ်ယူမှု တစ်ရပ် စတင်ခဲ့ခြင်း


ဘိုရင်း ကုမ္ပဏီထုတ် F-15 Silent Eagle

လော့ဟိဒ်မာတင် ကုမ္ပဏီထုတ် F-35 Lightning II

EADS ကုမ္ပဏီထုတ် Eurofighter Typhoon


၁၉-၆-၂၀၁၃

တောင်ကိုရီးယား နိုင်ငံသည် အမေရိကန် ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံ တန်ဖိုးရှိ ခေတ်မီ တိုက်လေယာဉ် အစင်း ၆၀ ၀ယ်ယူရေး ဆိုင်ရာ တရားဝင် လေလံ ခေါ်ယူမှု တစ်ရပ်အား ဇွန်လ ၁၈ ရက်နေ့တွင် စတင် ခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ပုဒ် အရ သိရသည်။

အဆိုပါ လေလံ ခေါ်ယူမှုတွင် အမေရိကန် နိုင်ငံမှ ဘိုးရင်း ကုမ္ပဏီ ၊ လော့ဟိဒ်မာတင် ကုမ္ပဏီ နှင့် ဥရောပ လေကြောင်း ဆိုင်ရာ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေး ကုမ္ပဏီ EADS တို့ ၀င်ရောက် ယှဉ်ပြိုင်လျက် ရှိကြောင်း သိရသည်။ တောင်ကိုရီးယား စစ်လက်နက် ၀ယ်ယူရေး အစီအစဉ် ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့ (DAPA) အနေဖြင့် ပါလီမန်က အတည်ပြု ပေးထားသော အမေရိကန် ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံထက် ကျော်လွန် သုံးစွဲ လိမ့်မည် မဟုတ်ကြောင်း သိရသည်။

တောင်ကိုရီးယား နိုင်ငံ အနေဖြင့် ဘိုရင်း ကုမ္ပဏီထုတ် F-15 Silent Eagle ၊ လော့ဟိဒ်မာတင် ကုမ္ပဏီထုတ် F-35 Lightning II နှင့် EADS ကုမ္ပဏီထုတ် Eurofighter Typhoon လေယာဉ် ၃ မျိုးအနက် တစ်မျိုးအား ရွေးချယ် ၀ယ်ယူ သွားမည် ဖြစ်သည်။

EADS အနေဖြင့် လေလံ အောင်မြင်ခဲ့ပါက တောင်ကိုရီးယား နိုင်ငံ၏ ခေတ်မီ ဂျက်တိုက် လေယာဉ်များ ထုတ်လုပ်ရေး အစီအစဉ် အတွက် သီးခြား ရင်းနှီးမြှုပ်နှံမှု အဖြစ် အမေရိကန် ဒေါ်လာ ၂ ဘီလီယံ ရင်းနှီး မြှုပ်နှံရန် ကမ်းလှမ်း ခဲ့သည်။ ထို့အတူ လော့ဟိဒ်မာတင် ကုမ္ပဏီကလည်း တောင်ကိုရီးယား နိုင်ငံ၏ စစ်ဘက် ဆက်သွယ်ရေး ဂြိုဟ်တု လွှတ်တင်ရေး ကြိုးပမ်းမှုအား အထောက်အကူ ပေးမည်ဟု ကမ်းလှမ်းခဲ့ပြီး ဘိုးရင်း ကုမ္ပဏီ ကလည်း တောင်ကိုရီးယား ကုမ္ပဏီ များထံမှ ဘီလီယံ နှင့်ချီသော ပစ္စည်းများကို ၀ယ်ယူ သွားမည်ဟု ကမ်းလှမ်း ထားကြသည်။ အဆိုပါ လေလံပြိုင်ပွဲ မှာ ၁၁ ရက်ကြာမြင့်မည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger