www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, June 12, 2013

တရုတ် နှင့် ရုရှားနိုင်ငံတို့မှ အထူးတပ်ဖွဲ့များသည် အကြမ်းဖက်မှု တိုက်ဖျက်ရေး ပူးတွဲ လေ့ကျင့်ခန်းကို စတင်လေ့ကျင့်လျက်ရှိ


Snow Leopard Commando unit

၁၂-၆-၂၀၁၃

တရုတ် နှင့် ရုရှားနိုင်ငံ တို့မှ အထူးတပ်ဖွဲ့ များသည် အကြမ်းဖက်မှု တိုက်ဖျက်ရေး ပူးတွဲ လေ့ကျင့်ခန်း Co-operation 2013 ကို ဇွန်လ ၁၁ ရက်နေ့တွင် တရုတ်နိုင်ငံ ပေကျင်းမြို့ ၌ စတင် လေ့ကျင့်ခဲ့ကြောင်း နှင့် ၄င်းလေ့ကျင့်ခန်း ကို ၁၀ ရက်ကြာ ကျင်းပ ပြုလုပ် သွားမည် ဖြစ်ကြောင်း Xinhua သတင်းတစ်ပုဒ် အရသိရသည်။

ပူးတွဲ လေ့ကျင့်ခန်းတွင် တရုတ်ပြည်သူ့ လက်နက်ကိုင် ရဲတပ်ဖွဲ့ ( PAPF ) လက်အောက်ရှိ Snow Leopard ကွန်မင်ဒို တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၄၆ ဦးနှင့် ရုရှားပြည်တွင်း လုံခြုံရေး တပ်ဖွဲ့ လက်အောက်ရှိ အထူးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၂၉ ဦးတို့ ပါဝင် လေ့ကျင့်လျက် ရှိကြောင်း PAPF မှ ထုတ်ပြန်သည့် သတင်းများအရ သိရသည်။ Co-operation 2013 ပူးတွဲ လေ့ကျင့်ခန်း ကို အကြမ်းဖက် တိုက်ဖျက်ရေး ကျွမ်းကျင်မှု နှင့် နည်းဗျူဟာများ တိုးတက် လာစေရေး နှင့် အဆိုပါ လေ့ကျင့်မှု များကို နှစ်နိုင်ငံ တပ်ဖွဲ့ဝင်များမှ အပြန်အလှန် လေ့လာ သင်ယူသွားရန် ရည်ရွယ် ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ၄င်းလေ့ကျင့်ခန်း တွင် ပစ်ခတ်စဉ် လေ့ကျင့်ခန်းများ ၊ အင်အား အလုံးအရင်းဖြင့် ၀င်ရောက် စီးနင်းခြင်း လေ့ကျင့်ခန်းများ ၊ ဓားစာခံ ကယ်တင်ခြင်း လေ့ကျင့်ခန်း နှင့် အကြမ်းဖက် သမားတို့၏ တပ်စခန်းများအား ၀င်ရောက် စီးနက် တိုက်ခိုက်ခြင်း လေ့ကျင့်ခန်း များကို ထည့်သွင်း လေ့ကျင့် သွားမည် ဖြစ်ကြောင်း သိရသည်။ အကြမ်းဖက်မှု တိုက်ဖျက်ရေး လေ့ကျင့်ခန်း Co-operation 2007 ကို ၂၀၀၇ ခုနှစ် စက်တင်ဘာလ က ရုရှားနိုင်ငံ ၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


Xinhua

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger