www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, June 12, 2013

၂၀၁၃ ခုနှစ် နိကာယ်စာမေးပွဲ (၀ိဒူတန်း) ကျင်းပ


ရန်ကုန် ၊ ၁၂-၆-၂၀၁၃

သာသနာရေး ၀န်ကြီးဌာန ၊ သာသနာရေး ဦးစီးဌာန မှ နှစ်စဉ် ကျင်းပ ပြုလုပ်မြဲ ဖြစ်သော ၁၃၇၅ ခုနှစ် (၂၀၁၃ ခုနှစ်) နိကာယ် စာမေးပွဲ (၀ိဒူတန်း) ကို ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်က ရန်ကုန် အရှေ့ပိုင်း ခရိုင် ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ၊ အမှတ်(၁၆) ရပ်ကွက် ၊ ပြည်ထောင်စုလမ်း ရှိ ပြည်ကြီး ချမ်းသာ မဟာ စေတီတော် (မြို့ဦးစေတီ) သန္တိသုခ ဓမ္မာရုံ စာစစ်ဌာန၌ စတင် ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါ နိကာယ် စာမေးပွဲကို ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် အတွင်းရှိ ပရိယတ္တိ စာသင်တိုက် များမှ ရဟန်း သံဃာတော် ၊ သီလရှင် အပါး ၂၅ ပါး ၀င်ရောက် ဖြေဆိုကြပြီး ယင်းစာမေးပွဲကို ဇွန်လ ၁၅ ရက်နေ့ အထိ နေ့စဉ် မွန်းလွှဲ ၁ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပ သွားမည် ဖြစ်သည်။ ယင်းနောက် ၂၀၁၂ ခုနှစ်က အဆိုပါ နိကာယ် စာမေးပွဲကို ဖြေဆို အောင်မြင် တော်မူခဲ့သည့် စာအောင် သံဃာ နှင့် သီလရှင် ၄ ပါးတို့အား စာအောင်ဆုများ ချီးမြှင့် ဆက်ကပ် လှူဒါန်း သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger